ရန်ကုန်၊ စက်တင်ဘာ ၁၂
မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် “လွတ်လပ်ရေး ဆိုတာ လွယ်လွယ်နဲ့ မရဘူး၊ ကိုယ့်လွတ်မြောက်မှုအတွက် ကိုယ်တိုင်တိုက်ယူမှရမယ်” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။