32 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ဝန်းကျင်တွင် အခြေခံစျေးအဖြစ် ရပ်တည်နေပြီး ပြန်လည် ကျဆင်းရန် လမ်းမမြင်၊ ဗဟိုဘဏ်သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ် လုံး၀ အလုပ်မဖြစ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

အမေရိကန်ဒေါ်လာ တန်ဖိုးသည် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ကျပ်ဝန်းကျင်တွင် အခြေခံစျေးကွက်၏ သတ်မှတ်စျေးအဖြစ် ရပ်တည်နေပြီး ပြန်လည် ကျဆင်းရန် မလွယ်ကူတော့ကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ပထမအပတ်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ကျပ်ဝန်းကျင်တွင် တည်ငြိမ်ခဲ့ပြီး စစ်ကောင်စီလက်အောက်ရှိ မြန်မာ့အမျိုးသားလေကြောင်းလိုင်း အပါအဝင် ဌာနဆိုင်ရာများကလည်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ကျပ်အကျော်တွင်ပင် ငွေလဲနှုန်းသတ်မှတ် ကောက်ခံမှုများ လုပ်ဆောင်လာကြောင်း၊ ပုဂ္ဂလိကဘဏ်များကလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ကျပ်ဝန်းကျင်ဖြင့် တွက်ချက် နေကြောင်း စုံစမ်းသိရှိရသည်။

“အခုက တစ်ဒေါ်လာ ၃၅၀၀ ဝန်းကျင်က အခြေခံစျေးလိုဖြစ်သွားပြီ။ ပြန်ကျသွားဖို့က လမ်းမမြင်တော့ဘူး။ ငွေကြေးဖောင်းပွနှုန်း၊ စီးပွားရေးကျတာတွေနဲ့ ချိန်ဆထားတဲ့ ငွေလဲနှုန်းထားတစ်ခုလိုဖြစ်သွားလို့ ပြန်ကျဖို့ လမ်းမမြင်တာ။ စက်တင်ဘာလ ပထမအပတ်မှာ အတော်တည်ငြိမ်တယ်။ အဲဒီလို တည်ငြိမ်ရင် စီးပွားရေးလုပ်လို့ရမယ်။ ငွေလဲနှုန်း အတက်အကျ ကြမ်းရင် ဘာစီးပွားရေးမှ လုပ်မရဘူး။ အခုက ဘဏ်တွေနဲ့ စကစ ဌာနတွေကလည်း တစ်ဒေါ်လာကို ၃၀၀၀ အကျော်မှာ တွက်ချက်နေကြပြီ။ တစ်ဒေါ်လာ ၂၁၀၀ ကတော့ အလုပ်မဖြစ်တော့ဘူး” ဟု ရန်ကုန်စီးပွားရေးသမားက ပြောဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်နှင့်စစ်ကောင်စီဌာနများက ငွေလဲနှုန်းမတက်စေရန် ဖိအားများ ပေးလျက်ရှိသဖြင့် ငွေလဲနှုန်းသည် တည်ငြိမ်နေသည့်ပုံစံရှိသော်လည်း များမကြာမီကာလတွင် အမြင့်ပိုင်းသို့ ပြန်လည် တက်လိမ့်မည်ဟု ရန်ကုန်စီးပွားရေးသမားက သုံးသပ်သည်။

“အခုကလေ ဗဟိုဘဏ်ကလည်း ဆီသမားတွေ ခင်ဗျားတို့ ဗဟိုဘဏ်က နေ ငွေချေးပေးမယ်၊ အပြင်က ဝယ်စရာမလိုဘူးပေါ့။ စီးပွားကူးသန်းကလည်း ဒေါ်လာတန်ဖိုး မတက်ရဘူး။ တက်ရင် အရေးယူမယ် ခြိမ်းခြောက်တယ်။ ဖိအားပေါင်းစုံပေးတော့ ငွေလဲနှုန်းက မတက်ဘဲ ငြိမ်နေတာ။ အရောင်းအဝယ်တွေ ဖမ်းမယ်ဆီးမယ်ဆိုပြီး လုပ်ထားတာကလည်း ရှိတယ်။ ဒါပေမယ့် ရေရှည်မှာတော့ သွင်းကုန်ကို မှီခိုနေရတဲ့ ကျနော်တို့တိုင်းပြည်အတွက်က ဒေါ်လာဝင်ငွေ ရပေါက်က နည်းလာတော့ ဒေါ်လာ တန်ဖိုးက တက်ကို တက်မှာပါ။ ပြောချင်တာကတော့ ကျနော်အမြဲတမ်းပြော နေတဲ့ နိုင်ငံရေးပြဿနာမပြေလည်ရင်တော့ စီးပွးရေး ဆက်ပျက်မှာပဲ” ဟု ထိုစီးပွားရေးသမားကဆိုသည်။

စစ်ကောင်စီအနေဖြင့်လည်း စစ်အသုံးစရိတ်ပိုမိုသုံးနေရပြီး ရုရှားထံမှ လည်း လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူမှု မရပ်တန့်သေးသဖြင့် စစ်ကောင်စီအတွက် ဒေါ်လာ လိုအပ်ချက် ပိုမိုကြီး မားလာလိမ့်မည်ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

Q ဩဂုတ်လ ၃၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်အထိ စျေးတက်ခဲ့ပြီး ရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သား ၃၈ သိန်းအထိ စျေးထိုးတက်သွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article