ရန်ကုန် ၊ စက်တင်ဘာ ၁
ဆောမြို့ရဲစခန်းမှ ဩဂုတ်လ ၃၁ ရက်နေ့က လက်နက် အပြည့်အစုံနှင့် CDM လုပ်လာသည့် ရဲတပ်သားကို The Youth Force (Saw & Kyaukhtu) အဖွဲ့က ငွေကျပ် သိန်း ၇၀ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရဲတပ်သား ဉာဏ်မင်းသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ ဆောမြို့ ရဲစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး G3 တစ်လက်၊ ကျည်ဘောက် ၂ ခု၊ကျည် ၃၀၀ တောင့်၊ ဗုံး ၄ လုံးနှင့် အတူ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း The Youth Force (Saw & Kyaukhtu) ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်ကိုစွန့်ခွာကာ ဇွန်လနှင့် ဩဂုတ်လအတွင်း CDM ပြုလုပ်လာသည့် ခမရ ၂ မှ တပ်သား ဟိန်းစိုးနှင့် ခမရ ၅၄ မှ တပ်ကြပ် သန်းနိုင်ဦးတို့ နှစ်ဦး၏ မိသားစုဝင်များနှင့် ပြန်လည် ပေါင်းစည်းနိုင်ပြီဖြစ်ကြောင်း ပြည့်သူစစ်သားဇနီးများ ကဏ္ဍတွင် ဖော်ပြထားချက်အရ သိရှိရသည်။
CDM စစ်သားနှစ်ဦး၏ မိသားစုဝင်များကို KNU က ခေါ်ယူပေးခြင်းဖြစ်ကြောင်း၊ CDM စစ်သားများ၏ မိသားစုဝင်များကို ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီမှ ကြည့်ရှု့စောင့်ရှောက်ပေးနေပြီး ထောက်ပံ့ကြေး၊ အခြေခ စားနပ်ရိက္ခာ၊ အိမ်ငှားပေးခြင်း စသည်များ ပြုလုပ်ပေးကြောင်း ပြည့်သူစစ်သားဇနီးများ ကဏ္ဍတွင် ဖော်ပြထားသည်။