By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာမှာ လုံခြုံရေးတာဝန်ချ ထားတဲ့ စစ်ကောင်စီတပ်သား ၂ ဦးက အချင်းချင်း ပြန်လည် ပစ်ခတ်လို့ ၇ ဦးသေဆုံးသွားခဲ့ပါတယ်။ – အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ လစဉ် တပ်ရင်း တပ်ဖွဲ့တွေမှာ ဒါဘာ/အစည်းအဝေးတွေ ပြုလုပ်တဲ့အခါ NUG က နောက်ဆုံး လုပ်ဆောင်နေတဲ့ ဒရုန်းစစ် ဆင်ရေးကို သတိထားကြဖို့ နဲ့ ကြောက်စရာမလိုကြောင်း ၊ ဒါပေမယ့် မကြောက်ဘဲလည်း မနေကြဖို့ လိုအပ်တယ်လို့ မင်းအောင်လှိုင်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ဇီးဖြူကုန်း- ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ပျူစောထီးတွေကို သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်း တွေကိုတင်ဆက်ပေးပါမယ်။