24 C
Yangon

အနောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင် စစ်ကောင်စီယာဉ်ကို AA က မိုင်းဆွဲတိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

စစ်ကောင်စီ၏ အနောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ မအီ-အမ်းကားလမ်းတစ်လျှောက် မောင်းလာသည့် စစ်ကောင်စီယာဉ်ကို အမ်းမြို့နယ်မြေနီရွာနှင့် တလိုင်းတောင်ရွာကြား၌ ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့၍ စစ်ကားပျက်စီးသွားပြီး ယင်းကားထဲတွင် ပါလာသည့် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီ လောက်က မအီဘက်ကနေ အမ်းဖက်ကို ထွက်လာသည့် စစ်ကောင်စီ ယာဉ်ကို တလိုင်းတောင်ကျေးရွာအကျော် မြေနီးကျေးရွာသို့ မရောက်ခင် ကားလမ်းမှာမိုင်းဆွဲခံခဲ့ရကြောင်း ကားသမားများနှင့် ဒေသခံများက Western News ကို ပြောသည်။

“မအီမြို့ဖက်ကနေ အမ်းမြို့ဖက်ကိုလာတဲ့ စစ်‌ကောင်စီယာဉ်(တစ်)စီးပေါ့။ အဲ့ဒါAAတပ်‌တော်ကမိုင်းဆွဲတိုက်ခိုက်လို့လုံးဝကိုပျက်စီးသွားတယ်။ ကျနော်တို့ လာတဲ့အချိန်က ကားက မီးလောင်နေတုန်းပါပဲ။ အထိအခိုက်ကတော့ရှိမယ်။ အသေအပျောက်ကတော့ ကျနော်မသိဘူး”ဟုပြောသည်။

အဆိုပါ စစ်ကောင်စီကားမှာ တစ်စီးလုံးမီးလောင်ပျက်စီးသွားကြောင်းမျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

“အသေအပျာက် ကရှိနိုင်တာ‌ပေါ့။ စစ်ကားတစ်စီးလုံးပေါက်ကွဲမီလောင်သွားတယ်ဆိုတော့ခါ။ ပေါက်ကွဲသံကလည်း တော်တော်ပြင်းထန်တယ်”ဟုပြောသည်။

ဓာတ်ပုံ- မိုင်းဆွဲခံရသည့် စစ်ကောင်စီယာဉ်ကို ယနေ့ တွေ့ရစဉ်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article