21 C
Yangon

ထားဝယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၇ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သရက်ငုတ်ရွာအနီး ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။

ပကာရီရွာဘက်ကလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး မိနစ် ၃၀ ဝန်းကျင်အကြာနှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါအသုံးပြုခဲ့ပေမယ့် ပြည်သူ့ကာ ကွယ်ရေးတပ်တွေဘက်က ဘေးကင်းကင်းနဲ့ပြန်ဆုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ညနေပိုင်းမှာတော့ မနက်ပိုင်းကတိုက်ခိုက်ခံရတဲ့ ကားသုံးစီးပါစစ်ကောင်စီယာဥ်တန်းဟာ လိပ်ကြယ်ပြောင်ရွာရောက်နေတယ်လို့ဒေသခံတွေထံကသိရပါတယ်။

သရက်ငုတ်ရွာနဲ့ လိပ်ကြယ်ပြောင်ရွာတို့ဟာ ထားဝယ်မြို့နဲ့ နယ်စပ်ထီးခီးဒေသကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာတည်ရှိပါတယ်။

ထားဝယ်-ထီးခီးလမ်းမပေါ်က မေတ္တာမြို့အလွန်မှာရှိတဲ့ အိုင်ဝိုင်းရွာနဲ့အနီးတစ် ဝိုက်မှာလည်း သြဂုတ်လ ၂၆ ရက်က ထားဝယ်မြို့ဘက်ကနေထွက်ခွာသွားတဲ့ စစ်ကောင်စီယာဥ်တန်းပါစစ်သားတွေနဲ့ ကော်သူးလေတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာထားတယ်လို့သိရပါတယ်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article