By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – တနင်္သာရီတိုင်း ၊ ရေးမြို့ကနေ ထားဝယ်မြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကား ဆယ်စီးကျော်ပါ စစ်ကောင်စီ ယာဥ်တန်းကို သြဂုတ်လ ၃၁ ရက်နေ့ မနက် ၉ နာရီခွဲလော်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ (TP- LF) ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – ကရင်နီပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဩဂုတ်လ အတွင်း တိုက်ပွဲပေါင်း ၄၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်သား အယောက် ၄၀ သေသွားတဲ့အပြင် ၊ ၂၅ ဦး ဒဏ်ရာရသွားတယ်လို့ KNDF ကနေ သတင်းထုတ်ပြန်ထားပါတယ်။ -ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ၉၇ လမ်းမှာ စက်တင်ဘာလ ၂ ရက်နေ့ဖြစ်တဲ့ ဒီကနေ့ မနက် ၁ နာရီလောက်မှာ အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့ကနေ ထိုးကြိတ် ရိုက်နှက်ပြီး ရဲကားပေါ်တင် ဖမ်းဆီးခေါ် ဆောင်သွားတဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။