23 C
Yangon

ရေနံချောင်းမှ CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုး အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချခံရ၊ မန္တလေး သပိတ်အဖွဲ့ဝင် ၄ ဦးလည်း ထောင်ဒဏ်များ ချမှတ်ခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှ CDM ကျောင်း ဆရာမ ဒေါ်စန္ဒာမိုးကို ဩ ဂုတ်လ ၃၁ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံလိုက်ရကြောင်း မိတ်ဆွေများနှင့် ပညာရေးအသိုင်းအ၀ိုင်းက ပြော ဆိုသည်။

CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုးကို PDF တွေကိုထောက်ပံ့သည်ဟုဆိုကာ စစ်တပ်က ဖမ်းသွားခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် လူမှုရေး မကျေနပ်ချက်ဖြင့် တိုင်ကြားမှု ကြောင့် အချုပ်ထဲတွင် ၃ ရက်နေပြီး ပြန်လည် လွတ်မြောက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် တွင်မူ PDF ထောက်ပံ့သည်ဆိုသော သတင်း ပေးတိုင်ကြားမှုဖြင့် အဖမ်းခံရပြီး ထောင်ဒဏ် ၃ နှစ်နှင့် အလုပ်ကြမ်း ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

CDM ကျောင်းဆရာမ ဒေါ်စန္ဒာမိုးသည် မူလတန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး လက်ရှိတွင် မကွေးဒေါင်းနေအကျဉ်းထောင်တွင် ထောင်သွင်းအကျဉ်း ကျခြင်းခံထားရကြောင်း သိရှိရသည်။

အလားတူ မန္တလေး သပိတ် အင်အားစု အဖွဲ့ဝင် ကိုကျော်သီဟစိုးကို အကြမ်း ဖက် စစ်အုပ်စုက သြဂုတ်လ ၃၁ ရက်နေ့တွင်ထောင်တွင်း တရားရုံး၌ ရုံးထုတ်ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်​ခဲ့ကြောင်း မန္တလေး သပိတ် အင်အားစုများထံမှ သိရသည်။

ကိုကျော်သီဟစိုးသည် မန္တလေးတက္ကသိုလ် မြန်မာစာ မေဂျာ ဒုတိယနှစ် ကျောင်း သားတစ်ဦးဖြစ်ပြီး အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်အထိ မန္တလေးမြို့ မြေပြင် သပိတ် တိုက်ပွဲများတွင် တက်ကြွစွာ ဦးဆောင် ပါဝင်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရခြင်း အပြင် ပုဒ်မ ၅၀၅ အမှုအတွက်ပါ ထပ်မံ ရင်ဆိုင်နေရကြောင်း သိရသည်။

မန္တလေး သပိတ်အင်အားစု အဖွဲ့ဝင်များဖြစ်ကြသည့် ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနှင့် မဂျာဆိုင်းအောင်(၃)ဦးကိုလည်း စက်တင်ဘာ ၁ ရက်နေ့တွင် ထောင်တွင်းတရားရုံး၌ ထောင်ဒဏ် ၃ နှစ် စီချမှတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါများ အနေဖြင့် မန္တလေး သပိတ် အင်အားစု အဖွဲ့ဝင်များအား မတရားသော အမိန့်များဖြင့် ထောင်ဒဏ် ချမှတ်မှုအပေါ် မန္တလေးသပိတ် အင်အားစုမှ အပြင်းအထန် ကန့်ကွက်ကြောင်းနှင့် မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဥ်းသား သူရဲကောင်းများနှင့် အကျဉ်းချခံ ဓမ္မဘက်တော်သား များအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် မန္တလေးသပိတ်အင်အားစုက လေးနက်စွာတောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article