30 C
Yangon

ရန်ကုန်၊ အင်းလျားကန်ဘောင်ရှေ့ ပြည်လမ်းပေါ်ရှိ ဧရာ၀တီဘဏ် ဓားပြတိုက်ခံရ ၊ ပြည်လမ်းနှင့် အင်းလျားကန်ဘောင်ပတ်လည်တွင် ကင်းပုန်းနှင့်လုံခြုံရေး အပြည့်ချထားသည့်ကြားမှ ဓားပြတိုက်မှုဖြစ်ပြီး ငွေမပါသွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်လျားကန်ဘောင်ရှေ့ ပြည်လမ်းမပေါ်ရှိ ဧရာ၀တီဘဏ်ခွဲတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၀၅ မိနစ်အချိန်က ဓားပြတိုက်မှုဖြစ်ပွားကြောင်း ဒေသခံများနှင့် ဘဏ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။

“ငွေတွေတော့ မပါသွားဘူး။ ဧည့်ကြိုက ဝန်ထမ်း ကောင်မလေး တစ်ယောက်တော့ ဒဏ်ရာရထားပါတယ်။ မွန်းလွဲ ၂ နာရီ ဝန်းကျင် ဘဏ်တံခါး ပိတ်မယ့်အချိန်မှာ ဝင်လာတာ။ အခုတော့ AYA ဘဏ်ထဲ စစ်တပ်နဲ့ရဲတွေ ဝင်စစ်နေတယ်” ဟု ဧရာ၀တီဘဏ်သတင်းရင်းမြစ်က ပြောသည်။

ဓားပြတိုက်မှု ဖြစ်ပွားသည်ဆိုသော ဧရာ၀တီဘဏ်ခွဲ ပတ်ဝန်းကျင်သည် လုံခြုံရေးနှင့်ကင်းပုန်းများ ထူထူထပ်ထပ် ချထားသော နေရာဖြစ်ကြောင်း၊ အင်းလျားလမ်း နှင့် ပြည်လမ်း ထောင့် ယာဉ်ထိန်းမီးပွိုင့် ရဲကင်းတွင် စစ်သားနှင့် ယာဉ်ထိန်းရဲ တချို့ရှိနေကြောင်း၊ အလားတူ ရန်ကုန်တက္ကသိုလ်ဝင်း အတွင်း၊ လှည်းတန်းလမ်းဆုံမီးပွိုင့်ရဲကင်း ၊ KBZ ရုံးချုပ် ၊ ကန်သာယာဆေးရုံနှင့် IBTC အနီး ၊ စိမ်းလန်းစိုပြေနှင့် တက္ကသိုလ်လှေလှော်အသင်းတို့နားတွင် စစ်တပ်နှင့်ရဲ လုံခြုံရေး၊ ကင်းပုန်း များအားလုံးချထားသည့်နေရာဖြစ် ကြောင်း၊ ထို့ပြင် အင်းလျားကန်ဘောင် လူကူး ကုန်းတံတား အနီးတွင်လည်း စည်ပင်အရပ်ဝတ် ဝန်ထမ်းတချို့ကို လုံခြုံရေးချထားသည့်နေရာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ အင်းလျားကန်ဘောင်ရှေ့ ဧရာ၀တီဘဏ်ရှေ့ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article