30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်ကောင်စီက ရွေးကောက်ပွဲ အမှုနဲ့ ထောင် ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ချလိုက်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ထိရှိလာနေပြီလို့ သိရပါတယ်။ – ဒီတစ်ခါ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နာယက တာဝန်- လက်ခံယူခြင်းကို ပြန်လည် ရုပ်သိမ်းတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူး-စေးဖိုးက ဩဂုတ်လ ၃၁ ရက်နေ့မှာ PPST ဆီကို ပြန်လည် အကြောင်းကြားစာ ပို့လိုက်တယ်လို့ သိရပါတယ်။ – ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ – ၅၉၃ တပ်ရင်းက တပ်သား သန့်ဇင်အောင်ဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာတယ်လို့ KNU မူတြော် သတင်းစဉ်က ဖော်ပြထားပါတယ်။ – ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ မှတ်ပုံတင်၊ ဝန်ထမ်းကတ်လို အထောက် အထား မပါတဲ့သူတွေ သွားလာခွင့်မရဘဲ တစ်မြို့လုံးကို စစ်တပ်က ပိုက်စိတ်တိုက် စစ်ဆေးနေတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article