By ရန်ကုန်ခေတ်သစ်
ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်မှုနှင့် သတ်ဖြတ်မှုတွင် စစ်ဘက်တရား သူ ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ပါဝင်ပတ်သက်ကြောင်း ရန် ကုန်တိုင်း စစ်ဘက်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
အင်းစိန်ထောင်စစ်ခုံရုံး၏ အထူးတရားသူကြီး ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် မင်းအောင်လှိုင်၏ တိုက်ရိုက် တာဝန်ပေးအပ်ခံရသော တရား သူကြီး ဖြစ်ပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် သေဒဏ်ပေးရန် နောက်ဆုံးအချိန် အတည်ပြုပြီး သေဒဏ်စီရင်သည့် ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင် ပတ်သက်နေကြောင်း သိရှိရသည်။
“ကိုမျိုးမြင့်အောင် ပါတာတော့ အတည်ပြုလို့ရတယ်။ အခြားအရာရှိတွေလည်းပါတယ်။ အဖွဲ့လိုက်ကြီး လုပ်ကြတာ။ သေဒဏ်ပေးတာရော ၊ စီရင်တာရော။ ကြီးကြပ်ကွပ်ကဲတာက ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေးဝန်ကြီးပဲ။ သူက တိုက်ရိုက် ကိုင်တာလို့ သိရတယ်။ ကိုမျိုးမြင့်အောင်ကတော့အ ခုနောက် ပိုင်း ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ အဘိဓမ္မာလိုလို ဟာတွေတော့ တောက် လျှောက်လုပ်နေတယ်။ ဘာသာရေးဘက်ကို ဇောင်းပေးနေတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
ရန်န်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင် စစ်ခုံရုံးများ စတင်ထူထောင်ချိန်ကတည်းက စစ်ဘက်ဆိုင်ရာ တရားသူကြီးအဖြစ် အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထိုင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်မှုထမ်း နှစ် ၃၀ နီးပါးရှိပြီး ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်တွင် အမှတ် ၁ တပ်မ တော် စစ်သား စုဆောင်းရေးတပ်မှ တပ်မှူးအဖြစ် ပြောင်းရွှေ့လာသူလည်းဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ (DSA ၃၆) ထက်ပင် စီနီယာကျသူဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် ဇနီး ဒေါ်မီမီစန်း၊ သမီး မဆုမြတ်၀င်း အပါအဝင် သမီးများ နှင့်အတူ အမှတ် ၁ တပ်မတော် စစ်သား စုဆောင်းရေးတပ်တွင် နေထိုင်လျက်ရှိသည်။
ရန်ကုန်တိုင်းကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ခုံရုံးများကို ထူ ထောင်သောအခါ မျိုးမြင့်အောင်သည် စစ်ဘက်ဆိုင်ရာ တရားသူကြီးဖြစ်လာသည်။
တပ်ပိုင်းဆိုင်ရာ ရာထူး မတိုးတော့သော်လည်း ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှု အားကောင်းသည့်အတွက် ၎င်းကို စစ်ဘက်တရားသူကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်သည်။
အင်းစိန်ထောင် အထူးစစ်ခုံရုံးတွင် စစ်ဘက်တရားသူကြီးဖြစ်လာသူ မျိုးမြင့်အောင်က လူငယ်များစွာကို သေဒဏ်များချမှတ်ခြင်း၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ခြင်းနှင့် ထောင်ဒဏ်များစွာကို ကျေကျေနပ်နပ်ဖြင့် ချမှတ်လျက်ရှိသည်။
“စစ်အုပ်ချုပ်ရေးကြေညာတော့ သူက စစ်တရားရုံးမှာ တရားသူကြီးဖြစ်ပါတယ်။ အင်းစိန်ကိုအမှုတွေရှိရင်သွားပြီး အရင်တုန်းကတော့ဆန္ဒပြသူတွေ နောက်ပိုင်း PDF တွေကို စစ်ခုံရုံးတရားသူကြီးအဖြစ် အမိန့်ချတယ်။ သူ့ကြောင့် သေဒဏ် ထောင်ဒဏ်တစ်သက် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားရတဲ့လူငယ်တွေအများကြီးပါ။ စစ်ခုံရုံးက ပြန်လာရင် တပ်ထဲမှာ ဘယ်သူကို ဘယ်လို သေ ဒဏ် ချပစ်လိုက်တယ်။ ဘယ်သူကိုတော့ တစ်သက်တစ်ကျွန်းချပစ်လိုက်ပြီဆိုတာမျိုး မြိန်ရေရှက်ရေ ပြောလေ့ရှိတယ်။ သူအရမ်းကျေနပ်နေတာ” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။
မျိုးမြင့်အောင်သည် ၎င်း၏ အမှတ် ၁ တပ်မတော်အမှတ် ၁ စစ်သား စုဆောင်းရေးတပ်တွင် အ လွန် လုံခြုံရေးတင်းကျပ်ထားပြီး ၎င်း၏ တပ်ကို လာရောက်တိုက်ခိုက်၍ သေရမည်ကို အလွန်စိုးရိမ်သူလည်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ တပ်တွင်း တရားပွဲနှင့်ပဋ္ဌာန်းပွဲများ ဆက်တိုက် ကျင်းပပြီး ၁ ဧက မပြည့်သည့် တပ်ကို ဂိတ် ၁၀ ခုထား၍ ကင်းလုံခြုံရေး အထူးတင်းကျပ်ထားသည်။
” ဒီအမှတ် ၁ စုဆောင်းရေး တပ်ဆိုတာကလေ ကျဥ်းကျဥ်းလေး။ ဧကနဲ့ တွက်မယ်ဆိုရင် ၀ ဒသမ ၈၅ ဧကပဲရှိပါတယ်။ အဲဒီမှာချထားတဲ့ကင်းက ၁၀ကင်းလောက်ရှိပါတယ်။ သူ့ကိုယ်သူသေမှာတော့အရမ်းစိုးရိမ်တယ်” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။
မျိုးမြင့်အောင်သည် တပ်တွင်း ဖိနှိပ်မှုအလွန်များပြားစွာ လုပ်ဆောင်ကြောင်း၊ တပ်တွင်း မိသားစုများကို ဖိနှိပ်ငွေကြေးရှာ၍ အပေါ်ဖား အောက်ဖိ လူစားမျိုးလည်းဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်း ရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို မတရား သတ်ဖြတ်ခဲ့သော သူများထဲမှ တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဝင်ပြီဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့ နှင့် ၂၄ ရက်နေ့တို့တွင် တော် လှန်ရေး ဦးဆောင်သူနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ပေးပြီး မတရားသတ်ဖြတ်ခဲ့သည်။
ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်သည် ၂၀၁၇ ခုနှစ် ကလေးစစ်သား အောင်ကိုထွေးကို စစ်တပ်ကိုယ်စား တရားစွဲဆိုခဲ့သော တရားလို စစ်အရာရှိတစ်ဦးလည်းဖြစ်သည်။
ဓာတ်ပုံ- ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်။
Photo- ဧရာ၀တီသတင်းဌာနနှင့် တပ်သတင်းရင်းမြစ်များ။