23.9 C
Yangon

စစ်ကောင်စီအတွက် တစ်ခုတည်းသော သွားစရာ နိုင်ငံဖြစ်သည့် ရုရှားသို့ မင်းအောင်လှိုင် ၈ ရက် ကြာ သွားမည်၊ MAI Airbus A319 ဖြင့် စက်တင်ဘာ ၄ ရက် နံနက် ၈ နာရီ နေပြည်တော်မှ ထွက်ခွာပြီး စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ပြန်ရောက်မည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

အကြမ်းဖက် စစ်ကောင်စီအတွက် တစ်ခုတည်းသော သွားစရာ နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံသို့ ဖက်ဆစ် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ၈ ရက်ကြာ သွား ရောက်မည်ဖြစ်ပြီး MAI Airbus A319 ဖြင့် စက်တင်ဘာ ၄ ရက် နံနက် ၈ နာရီ နေပြည်တော်မှ ထွက်ခွာကာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ နေပြည်တော်သို့ ပြန်ရောက်မည်ဖြစ်‌ ကြောင်း သိရှိရသည်။

မင်းအောင်လှိုင် စီးနင်းမည့် MAI Airbus A319 သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာပြီး နေပြည်တော်တွင် ညအိပ်ရပ်နားကာ စက်တင်ဘာလ ၄ ရက်နေ့တွင် နံနက် ၈ နာရီတွင် ဖက်ဆစ် မင်းအောင်လှိုင်နှင့် အကြမ်းဖက်များကို တင်၍ ရုရှားနိုင်ငံသွားထွက်ခွာမည်ဖြစ်သည်။

ရုရှားနိုင်ငံတွင် စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၈ ရက်နေ့ အထိ ပြုလုပ်မည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်-၂၀၂၂ (The 7th Eastern Economic Forum 2022) မင်းအောင်လှိုင်နှင့် အကြမ်းဖက်များ တက်ရောက်သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံဘက်မှ လူများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရုရှားနိုင်ငံမှ နေပြည်တော်သို့ ပြန် လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့ အကြမ်းဖက် စစ်တပ်၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ရုရှားတွင် ကျင်းပပြုလုပ်ခဲ့သည့် International Army Games 2022 ကို တက်ရောက်ခဲ့သေးသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြည်သူများကလှောင် ပြောင် ဖြန့်ဝေသည့် လူမှုကွန်ရက်မှ ဓာတ်ပုံဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article