23.9 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ပြည်သူ့အစိုးရဖြစ်တဲ့ အမျိုသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်းကို အထွေထွေညီလာခံက ဆက်လက် အသိအမှတ်ပြုရေး နဲ့ စစ်တပ်ကိုယ်စားလှယ်ကို ငြင်းပယ်ရေးအတွက် တောင်းဆိုမှုမှာ ပြည်သူတွေ လက်မှတ်ရေးထိုးနိုင်ကြောင်း ကမ်ပိန်းလှုံ့ ဆော် သူတွေက ဖိတ်ခေါ်လိုက်ကြပါတယ်။ – စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ၊ အကြမ်းဖက် စစ်ကောင်စီကို စွန့်ခွာပြီး ၊ CDM ဝင်လာမယ့် စစ်သား နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့သားကောင်း- စီမံကိန်း ကနေ ဂုဏ်ပြုငွေတွေ ထပ်ဆင့် ချီမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ – မကွေးတိုင်း ၊ မြိုင်မြို့နယ် ကျောက်ခွက် ရေနံမြေ Well -2 မှာရှိတဲ့ စစ်ကောင်စီ စခန်း နဲ့ တောင်ရိုး လမ်းဆုံ စစ်ဆေးရေး- ဂိတ်စခန်းတို့ကို သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article