23.9 C
Yangon

စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး ၄ ဦး ၊ ဗိုလ်မှူး ၄ ဦးနှင့် ဗိုလ်ကြီးနှင့်ဗိုလ်အဆင့် ၃ ဦး စုစုပေါင်း ၁၁ ဦး ဩဂုတ်လအတွင်း သေဆုံးမှု အတည်ပြုနိုင်ပြီး စစ်အရာရှိသေဆုံးမှု အလွန်များနိုင်၊ ရဲအရာရှိများလည်း သေဆုံးမှုများပြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး ၄ ဦး ၊ ဗိုလ်မှူး ၄ ဦးနှင့် ဗိုလ် ၃ ဦး စုစုပေါင်း ၁၁ ဦး ဩဂုတ်လအတွင်း တိုက် ခိုက်မှုများကြောင့် သေဆုံးကြောင်း အတည်ပြုထားပြီး စစ်အရာရှိများ သေဆုံးမှုအခြေအနေမှာ အဆိုပါ စာရင်း ထက် ကျော်လွန်နိုင်ကြောင်း ရန်ကုန်ခေတ်သစ်၏ စာရင်းဇယားများအရ သိရှိရသည်။

ရဲအရာရှိများနှင့် ရဲတပ်ဖွဲ့၏ သေဆုံးမှုများမှာလည်း များပြားလှသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် လက်လှမ်းမီသမျှကိုသာ စုစည်းဖော်ပြလိုက်ပါသည်။

ဩဂုတ်လ ၃ ရက်နေ့တွင် ဒု ဗိုလ်မှူးကြီး ဇော်ခိုင်ငြိမ်း ဒု တပ်ရင်းမှူး ဟိုပင် အခြေစိုက် ခလရ (၃၈၁) ဝိုင်းမော်- ကန်ပိုင်တီလမ်း ဘွမ်တောင် ရွာ အနီးတွင် ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသည်။

ဩဂုတ်လ ၈ ရက်နေ့ တွင် ဗိုလ်မှူး ဝေမျိုးအောင် ဒုတိယ တပ်ရင်းမှူး ရွှေကျင် အခြေစိုက် ခမရ (၃၅၀) ကျောက်ကြီး မြို့နယ် လိန်ပင်ရွာ နှင့် ပဲသောင်ရွာ ကြား တိုက်ပွဲတွင် KNLA ၊ PDF ပူးပေါင်းတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။

ဩဂုတ်လ ၁၀ ရက်နေ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဝေမျိုးပိုင် ၊ စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ဆင်း တပ်ရင်းမှူးသည် ချင်းပြည်သူ့ကာကွယ်ရေးတပ်များက Drone ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခေါင်းပေါ် ဗုံးသီးထိမှန်၍ ပွဲချင်းပြီး သေဆုံးသည်။

ဩဂုတ်လ ၁၂ ရက်နေ့၊ စစ်ကိုင်းတိုင်၊ ဗန်းမောက်မြို့နယ်တွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကျော်မင်းဟန်သည် ဗန်းမောက် ထွေအုပ်ရုံးကို PDF တပ်များက ဝင်ရောက်ပစ်ခတ်စဉ် ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသည်။

ဩဂုတ်လ ၁၃ ရက်နေ့ ဒုတိယ ဗိုလ်မှူးကြီး မိုးဇော် တပ်ရင်းမှူး ခလရ (၂၇၀) မောင်တောမြို့နယ် ကျောက်ပန်းဒူ ကျေးရွာအနီး တိုက်ပွဲတွင် ရခိုင်တပ်တော် AA ၏ ပစ်ခတ်မှုကြောင့် သေဆုံးသည်။

ဩဂုတ်လ ၁၃ ရက်နေ့တွင်ပင် ဗိုလ်မှူး သက်နိုင်ဦး ယာယီ တပ်ရင်းမှူး ရသေ့တောင် အခြေစိုက် ခမရ (၅၃၇) ရသေ့တောင်မြို့နယ် ဒုံးပိုက် ကျေးရွာ အနီး AA နှင့်တိုက်ပွဲတွင် သေဆုံးသည်။

ဩဂုတ်လ ၁၃ ရက်နေ့ ခလရ ၂၀ ဗိုလ်မှူး တစ်ဦး ဒကစ (စစ်တွေလက်အောက်ခံ) ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ ဖက် တိုက်ပွဲ တွင် သေဆုံးသွားခဲ့သည်။

ဩဂုတ်လအတွင်းတွင်ပင် ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင် တပ်ရင်းမှူးသည် ခရီးသွားစဉ် မြိုင် ပ.က.ဖ ၏ဖမ်းဆီးမှုတွင် ခုခံထွက်ပြေး၍ ပစ်သတ်လိုက်ရသည်။

ဩဂုတ်လ ၂၉ ရက်နေ့တွင် မိုးကုတ်မြို့နယ် အခြေပြု PDF (၁၂၂၁) ၊ (၁၂၂၂) ၊ (၁၂၂၃) တပ်ရင်း ၊ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လောင်းစင်နှင့် ဂွေးပင်ရွာ ကြား Starx ကားထဲသို့ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ သုံးပွင့် ဗိုလ်ကြီး တစ်ဦးသေဆုံးသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် ဗိုလ်ဆန်းဝင်းအောင်ကို မကွေး၊ မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဖမ်းဆီးရမိပြီး ခုခံထွက်ပြေး၍ သေဆုံးသွားသည်။ ဗိုလ်ဆန်းဝင်းအောင်သည် နေပြည်တော် စစ်ကောင်စီ၏ ထောက် လှမ်းရေးအတွက် အရေးပါသူဖြစ်ပြီး ဒရုန်းနှင့် GPS သင်တန်းများပို့ချသူ၊ Spy ပစ္စည်းများနှင့်သင်တန်းပို့ချသူဖြစ်ကြောင်း သိရှိရသည်။ သေဆုံးသူ ဗိုလ်ဆန်းဝင်းအောင်သည် ကြာအင်းဆိပ်ကြီး၊ အမှတ် ၃၂ ခြေလျင်တပ်ရင်းမှ ဖြစ်သည်။

ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ရေတပ်ဗိုလ်ကြီး မျိုးဟန်နှင့်စစ်သည် ၆ ဦးသည် တပ်သား ဝေယံကျော်၏ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဩဂုတ်လ ၂၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ရွာအနီးတွင် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားပြီး မင်းကင်း ရဲစခန်းမှူး ရဲအုပ် သူရအောင် နှင့် ပျူစောထီးခေါင်းဆောင် နိုင်လင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရှိရသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ရက္ခိုင့်တပ်တော်က အပြီး သတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ ရဲအုပ်စိုးစိုးပိုင်၊ ဒုရဲအုပ် စောဝေဖြိုးအပါအဝင် ရဲ ၂၀ သေဆုံးကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article