30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၃ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ အကြမ်းဖက် စစ်ကောင်စီအတွက် တစ်ခုတည်းသောသွားစရာ နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံကို အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်က ၈ ရက်ကြာ သွားရောက်မှာဖြစ်ပြီး ၊ MAI Airbus- A319 နဲ့ စက်တင်ဘာလ ၄ ရက်နေ့ မနက် ၈ နာရီ နေပြည်တော်ကနေ ထွက်ခွာပြီးတော့ စက်တင်ဘာ ၁၁ ရက် နေ့ ညနေမှာ နေပြည်တော်ကို ပြန်ရောက်မှာ ဖြစ်‌တယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်- ရဲစခန်းကို မြောင်တော်လှန်ရေးတပ်မတော် MRA က ဩဂုတ်လ ၂၉ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေသွားတဲ့အပြင် ၊ ၁ ဦး ဒဏ်ရာရသွားတယ်လို့ MRA ဆီကနေ သိရပါတယ်။ -ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့၊ စျေးတန်းဟောင်း- ရပ်ကွက်မှာ လျှပ်စစ်မီတာ မဆောင်လို့ဆိုပြီး စစ် ကောင်စီ လက်ပါးစေဒုရဲအုပ် ဌေးလှိုင်က ဦးကျင်ရွှေ ဆိုတဲ့ ပြည်သူ ၁ ဦးကို လက်ထိပ်ခတ် ဖမ်းခေါပြီး ရဲစခန်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ၊ ဦးကျင်ရွှေရဲ့ တူဖြစ်သူ မောင်စိုးသူရထွန်းကိုလည်းသေနတ် နဲ့ ၂ ချက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ – ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင် စီရဲ့ တပ်မ ၁၁ လက်အောက်ခံ တပ်စခန်းကို စက်တင်ဘာလ ၁ ရက်နေ့က ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့တဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article