22 C
Yangon

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စီးနင်းထားသော စစ်တပ်ကို လက် နက် ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု စစ်ဗိုလ် ၁ ဦးသေ၊ မြင်းမူရဲစခန်း ဗုံးပစ်ခံရပြီး ရဲ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာကို စီးနင်းသော စစ်ကောင်စီတပ်ကို လက် နက် ကြီးများဖြင့် ပြန်လည် ပစ်ခတ်ရာ စစ်ဗိုလ် ၁ ဦးသေဆုံးကြောင်း တိုက်နယ် စွန်PDFအဖွဲ့ကပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီ ၂၆ မိနစ်အချိန် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကြွယ်ပုံကျေးရွာမှ ဒီပဲယင်းကွဲကျေးရွာသို့ လက်နက်ကြီး များနဲ့ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ဝင်ရောက်စီးနင်းသော စစ်ကောင်စီတပ်နှင့်ပျူစေ‌ြာထီး အင်အား ၄၀ ခန့်ရှိကြောင်း၊ တိုက်နယ်စွန် (စွန်) အဖွဲ့ PDF နှင့် မဟာမိတ်များပူးပေါင်း၍ ပြန်လည်ပစ်ခတ်ခဲ့ရာ စကစဘက်မှ စစ်ဗိုလ်တစ်ဦး သေဆုံးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်း သိရှိရသည်။

ယင်းနောက် နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် စစ်ကောင်စီတပ်က ဒီပဲယင်းကွဲရွာကိုစတင် မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ် ၁၆ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊မြို့မရဲစခန်းကို ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး ၊ စစ်သား ၃ ဦးဒဏ်ရာရရှိကြောင်း Zeroပြောက်ကြားတပ်ဖွဲ့ထံမှ သိရှိရသည်။

” ဒီနေ့မြင်းမူမြို့ပေါ် မြိုမရဲစခန်းကို တိုက်ခိုက်တယ်။ ရဲစခန်း အ‌နောက်ဘက် အပေါက် ၀လေးလုံးဘုရားဘေး အနီးကနေဝင်ပစ်တာ ဆိုတော့ ကင်းဝတ်နေတဲ့ရဲခွေး၂ ကောင် သေတယ်။ စခ ၃ ကောင်ဒဏ်ရာရရှိတယ်လို့ ခိုင်လုံတဲ့သတင်းရယူထားပြီးဖြစ်တယ်” ဟု Zeroပြောက်ကြားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောသည်။

တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နှင့် True Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော ဒီပဲယင်းကွဲကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article