ရန်ကုန်၊ စက်တင်ဘာ ၃
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ကော်မတီ ဦးဆောင်ကာ “Accept NUG and Our Ambassador, Reject Dictator” (ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ) စာတန်း ကိုင်ဆောင်ပြီး ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်လးချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူများက ဟောပြောခဲ့သည်။
Photos -AungKhantZaw