24.8 C
Yangon

မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာကို PDF တပ်ပေါင်းစုများ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး၊ ဘုတ်ပြင်းတွင် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ပေါင်းစုများ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီတွင် တစ်ကြိမ်၊ စက်တင်ဘာလ ၂ ရက် နေ့ နေ့လယ် ၁၁နာရီ တွင် တစ်ကြိမ် မကွေးတိုင်းဒေသကြီး မြိုင်မြိုနယ် ကန်နီပျူစောထီးကျေးရွာကို PDF တပ်ပေါင်းများစုက တိုက်ခိုက်ကြောင်း၊ တိုက်ပွဲ ကြာချိန်မှာ စက်တင်ဘာလ ၁ ရက်နေ့တွင် ၂ နာရီအကြာ တို က်ခို က်ခဲ့ပြီး စက်တင်ဘာလ ၂ ရက်နေ့တွင် ၃ နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တို က်ပွဲတွင် လ က်န က်ကြီး၊ လက်နက်ငယ် များဖြင့် ဝင်ရောက်စီ န င်း တိုက်ခို က်ခဲ့ရာ တိုက်ပွဲမှာ ပြင်းထန်ကြောင်း၊ စစ်တပ်ဘက်မှ စနိုက်ပါတပ် သား ၁ ဦး အပါအဝင် ၅ ဦးသေဆုံးကြောင်း၊ စစ်သားအများအပြား ဒဏ်ရာရရှိပြီး PDF ရဲဘော်တစ်ဦး ကျဆုံးကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ အမှတ်-၁၁၊ ပုလဲတပ်ရင်း-၅၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီး တပ်ခွဲ-၄ ထိရှပြောက်ကျားတပ်ဖွဲ့၊ M.R D.A ၊ P.C.S.Y၊ သိန်းငှက်နီ၊ ရွှေဟင်္သာ၊ အညာမြေ၊ M.V.R.F၊ ဒေါင်းနက်ပြောက် ကျားတပ်ဖွဲ့ ၊ ရွှေဘို၊ တပ်ရင်း -၇၁၀၊ M.R.G၊ တမာမြေ ပြောက် ကျားတပ် ဖွဲ့ ၊ မြိုင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ရွှေဓားဗိုလ်၊ ဗိုလ်ယမ်း၊T.K ၊အညာဒေါင်း၊ နဂါးနီပြောက်ကျားတပ်ဖွဲ၊ M.P.L ပြောက်ကျားတပ်ဖွဲ့၊ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့၊ P.C.M.Force ၊ လင်းယုန်ပြောက်ကျားတပ်ဖွဲ့ များ စုပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ စက်တင်ဘာ ၁ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီယာဥ်တန်းကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးကြောင်း၊
ဘုတ် ပြင်းမြို့နယ်အခြေစိုက် ခမရ ၅၈၅ နှင့် ခမရ ၅၅၅ တပ်ရင်းအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခံရသည့် ယာဥ်တန်းတွင် စစ်ကားအကြီး ၃ စီးပါဝင်ပြီး တပ်မမှူးခရီးစဥ်အဖြစ်ထွက်ခွာလာခဲ့သော စစ်ကား တန်းဖြစ်ကြောင်း၊ မိုင်းဆွဲခံရမှုကြောင့် စစ်ကားကြီးတစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၂ဦးသေဆုံးကြောင်း၊ အခြားစစ်သား ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြော်ငး ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ၏ စစ်သင်တန်း မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်)

Photo- PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article