ရန်ကုန်၊ စက်တင်ဘာ ၄
အကြမ်းဖက် မင်းအောင်လှိုင်နှင့်အဖွဲ့လိုက်ပါသော မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း MAI Airbus A319-112 လေယာဉ်သည် ယနေ့ နံနက် ၈ နာရီ ၁၁ မိနစ် အချိန်ခန့် နေပြည်တော်မှ ရုရှားသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်နှင့် အဖွဲ့လိုက်ပါသော လေယာဉ်အမှတ် 8M1 /MMA001 သည် အမြင့်ပေ ၃၇၀၀၀ ကျော်မှ ပျံသန်းလျက်ရှိပြီး တရုတ်လေပိုင်နက်အတွင်းမှ ပျံသန်းနေကြောင်း၊ ယခုသတင်းရေးသား ဖော်ပြချိန်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့နားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
ရုရှားနိုင်ငံတွင် စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၈ ရက်နေ့ အထိ ပြု လုပ်မည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်-၂၀၂၂ (The 7th Eastern Economic Forum 2022) မင်းအောင်လှိုင်နှင့် အကြမ်းဖက်များ တက်ရောက်သွားမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံဘက်မှ လူများနှင့်လည်း တွေ့ဆုံမည်ဖြစ် ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရုရှားနိုင်ငံမှ နေပြည်တော်သို့ ပြန် လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၂၆ ရက်နေ့ အကြမ်းဖက် စစ်တပ်၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ရုရှား တွင် ကျင်းပပြုလုပ်ခဲ့သည့် International Army Games 2022 ကို တက် ရောက်ခဲ့သေးသည်။