ရန်ကုန်၊ စက်တင်ဘာ ၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုင်ကယ်စီးလာသော အသက် ၂၀ အရွယ် ရိုဟင်ဂျာ ဇမီရ်ဟူစိန်ကို စစ်တပ်နှင့်ရဲက ယနေ့ နံနက်ပိုင်း ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်တွေမြို့၊ ဘုမေရပ်ကွက်၊ စစ်တွေတက္ကသိုလ်ရှိ ရဲတပ်ရင်း ၃၆ စစ်ဆေးရေးဂိတ်ကို ဖြတ်သွားသည့် အသက် ၂၀ အရွယ် ရိုဟင်ဂျာ ဇမီရ်ဟူစိန်ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်တွင် စာရွက်စာတမ်းများ ပြသသော်လည်း ရဲက အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ လည်ပင်းကို သေနတ်ဖြင့် ထောက်ပြီး ပစ်သတ်လိုက်ဖြစ်ကြောင်း သိရှိရသည်။
အသက် ၂၀ အရွယ် ရိုဟင်ဂျာ ဇမီရ်ဟူစိန်သည် ရဲ၏ ပစ်ခတ်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားပြီး အလောင်း ကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ပစ်သတ်ခံရသူ လူငယ်သည် ဒါးပိုင်ရွာမှ ဦးဘဆာမျာ၏ သားဖြစ်ကြောင်း သိရှိရသည်။