23 C
Yangon

တစ်နိုင်ငံလျှပ်စစ်မီးများ မှန်အောင်မပေးနိုင်သော်လည်း လျှပ်စစ်သုံးကား ၅၀ စီး တပြိုင်နက်တည်း အားသွင်း နေရာ ၅ ခု ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည်၊ ဗိုလ်ချုပ်ဆွေမျိုးသားသမီး ကောင်းစားရေး ပရောဂျက်ဖန်တီး၍ ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးမှုဟု ရှု

Must read

မြင်

ရန်ကုန်၊ စက်တင်ဘာ ၄

ဖက်ဆစ်မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံး လျှပ်စစ်မီးများ မှန်အောင် မပေးနိုင်သော်လည်း လျှပ်စစ်သုံးကား ၅၀ စီး တပြိုင်နက်တည်း အားသွင်းနိုင်သော နေရာ ၅ ခုကို ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရှိရသည်။

လျှပ်စစ် ဓာတ်အားသွင်း နေရာ ၅ ခုကို အမှတ် ၃ လမ်းဆုံ၊ ဖြူး ၁၁၅ မိုင်၊ နေပြည်တော်စီလမ်းဆုံ၊ သီးကုန်း ယာဉ်ရပ်နားရာနေရာ၊ စကားအင်းလမ်းဆုံတို့တွင် တည်ဆောက်မည်ဖြစ်ပြီး ကား ၅၀ စီး လျှပ် စစ်ဓာတ် အားသွင်းနိုင်မည်ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၏ စာရွက်စာတမ်းများအရ သိရှိရသည်။

ရန်ကုန်စီးပွားရေးသမားကမူ လက်ရှိတွင် စက်မှုဇုန်နှင့် စက်ရုံများကို အလှည့်ကျ မီးပေးစနစ်ဖြင့်သာ ပေးနေပြီး လျှပ်စစ်လိုအပ်ချက်မှာ တစ်နိုင်ငံလုံးအတွက် မလောက်ငှကြောင်း၊ စစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်များက စီမံကိန်းနှင့် ပရောဂျက်များ ဖန်တီး၍ ဆွေမျိုး မိသားစုကောင်းစားရေး လုပ်ဆောင်မည့် လုပ်ရပ်ပင် ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ ဖေ့ဘုတ်စ်မှာ မြင်ဖူးမှာပေါ့။ ရထားမရှိတဲ့ဘူတာ၊ မြက်တွေ ခြုံတွေ ထူနေတဲ့ ဘူတာ အဲဒီလို ပြည်သူ့ဘဏ္ဍာတွေ အလဟသ ဖြစ်သွားမယ့် ပရောဂျက်စီမံကိန်းတွေပေါ့။ ပရောဂျက် စီမံကိန်းရတဲ့သူက တော့ ပရောဂျက်ရအောင် ဆောက်လုပ်ပြီး ငွေထုပ်ပိုက်။ အသုံးမဝင်တော့ နောက်ဆုံးခြုံနွယ်ပိတ်ပေါင်း တွေ ထူထပ်သွားတာပါပဲ။ အခုတောင် ဖြေနေရင်း မီးပျက်နေတယ်။ ဘယ်လို လျှပ်စစ်ကား တွေ သုံးမလဲနော်” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

ရန်ကုန်မြို့နှင့်မြို့ကြီးများတွင် ယခု စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး မီးလုံလောက်အောင် မပေးနိုင်သည့်အတွက် တစ်နေ့လုံး၊ တစ်ညလုံး မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article