ရန်ကုန်၊ စက်တင်ဘာ ၄
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် PDF ကို ထောင်ဖမ်းမည်ဆိုသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် ထံမှ သိရှိရသည်။
စက်တင်ဘာလ ၄ ရက်နေ့ မွန်းတည့်ပိုင်းတွင် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာမှပျူစောထီး ဇော်လွင်ဌေး(ခ)နဂါးသည် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ ဝမ်းတွင်းPDF များကို စစ်တပ်နှင့်ပေါင်း၍ထောင်ဖမ်းမည်ဟုကြွေးကြော်ထားသူဖြစ်ကြောင်း၊ ရပ်ရွာနေပြည်သူများကို အမျိုးမျိုးဒုက္ခပေးကာ ဆက်ကြေးများကောက်၍ စစ်တပ်အလိုကျ အရပ်ဝိုင်းများ ဖဲဝိုင်းများလုပ်နေကြောင်း၊ အပြစ်မဲ့ပြည်သူများကို အမှုအမျိုးမျိုးဆင်ကာ ရပ်ရွာကိုစိန်ခေါ်သူဖြစ်ကြောင်း၊ ယနေ့တွင် ခင်ဘန်းကျေးရွာအနီး ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် VOW ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
အလားတူ ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ဇီးပင်လှကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သောင်းစိန်ကို စက်တင်ဘာ ၁ ရက် ညနေ ၅နာရီ ၅၀မိနစ်အချိန် ပေါင်းတည်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF) က ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူတိုင်း၊ သာယာဝတီမြို့နယ်မှ စစ်ကောင်စီခန့် ရေတွင်းကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ကျော်အေးကို သြဂုတ်၃၀ရက်နေ့ မွန်းတည့် ၁၂နာရီခန့်အချိန် သေနတ်သမားများက သေနတ်ဖြင့်ပစ်ခတ်သဖြင့် ဒဏ်ရာရ အပြင်းအထန်ရရှိခဲ့ပြီး သေဆုံးနိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကောက်စိုက်သမများကို ပျူစောထီးခေါင်းဆောင်၏ လယ် မစိုက်မနေရ လယ်ကူစိုက်ပေးရန် လက်နက်ပြခြိမ်းခြောက်စေခိုင်းခဲ့သော စစ်ကောင်စီခန့် တက်တူးကျေးရွာမှ ရာအိမ်မှူး ပျူစောထီး သန်းထိုက်ကို PDF များက စုပေါင်း ရှင်းလင်းရာ သေဆုံးသွားကြောင်း C&T Shwebo အဖွဲ့ထံမှ သိရှိရသည်။
ပျူစောထီး သန်းထိုက်ကို ရှင်းလင်းရန် မဟာမိတ် C&T SHWEBO (LPDF)၊ငါးမည်ရ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမာန်-ရွှေဘို(LPDF)၊ ဗိုလ်ကျားရိုင်း ရွှေဘို (LPDF)၊ SHWEBO FEDERRL ARmy၊ရွှေဘို စွန်ရဲ(LPDF)၊ SNAKE EYES (LPDF). MDF – ShweBo၊ ဇေယျာသွေး ကျားရိုင်း(LPDF) ဇာမဏီဒေါင်း. ALPHR 7 (LPDF). BO BA TAW (LPDF). SBO ဗိုလ်မြင်းပျံ(LPDF) စသည့်အဖွဲ့များက တော်လှန်ရေးရဲဘော်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။