ရန်ကုန်၊ စက်တင်ဘာ ၄
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် PDF ရန်ပုံငွေ ရရှိရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဘောလုံးဝါသနာရှင်များ၏ အားကစားနှင့် တော်လှန် အစီအစဉ်ကို ဂျပန်နိုင်ငံတိုကျိုနှင့် အနီးမှ ဂျပန်ရောက် မြန်မာဘောလုံးဝါသနာရှင် အထူးသဖြင့် လူငယ်ဘောလုံးအသင်းများ စုစည်းပြီး
မြန်မာ့တော်ဝင် နဂါးတပ်တော် ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဆိုင်းတမခရိုင်ရှိ Z Futsal Sport Shin-Misato futsal ( 1 Chome-121 Uneme, Misato, Saitama 341-0011 ) ကွင်းတွင် Fairness Gunma FC မှ တာဝန်ယူကျင်းပခဲ့ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲတွင် အမျိုးသား ၄၃ သင်းနှင့် အမျိုးသမီး ၅ သင်း စုစုပေါင်း ၄၈ သင်း ပတ်လည်ကစားခဲ့ကြပြီး ရရှိသော ရံပုံငွေများ အားလုံးကို ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော်သို့ တိုက်ရိုက်ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။