29 C
Yangon

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် ဗုံးပေါက်ကွဲသံများ ထွက်ပေါ်၊ စစ်တပ်ပိုင်မြန်မာဘီယာ စက်ရုံတွင်လည်း ဗုံးပေါက်၊ အိမ်မဲမြို့နယ် EPC ရုံးတွင်ပေါက် ကွဲမှု ဖြစ်ပွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ရန်ကုန်တိုင်းအတွင်းရှိ လှိုင်၊ ရွှေပြည်သာနှင့် မရမ်းကုန်းမြို့နယ်များတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ဗုံးပေါက်ကွဲ သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

လှိုင်မြို့နယ်တွင် ယနေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်၌ ပေါက်ကွဲသံ ထွက်ပေါ်ခဲ့​ကြောင်း၊ ၊ ရွှေပြည်သာ မြို့နယ်တွင် ယနေ့ ည ၇ နာရီ ၃၇ မိနစ်ခန့်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ယင်းနောက် ဒုတိယအကြိမ်အဖြစ် ရွှေပြည်သာ ၈ ရပ်ကွက် အိမ်တော်ရာ ၁ လမ်း ဘုရင့်နောင် လမ်းမကြီးဘေးတွင် ယနေ့ည ၈ နာရီ ၃၀ မိနစ်တွင် ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ၊ မရမ်းကုန်းမြို့နယ်တွင်လည်း ယနေ့ ည ၇ နာရီ ၅၂ မိနစ်ခန့်တွင် ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး လျှပ်စစ်မီးများပါ ပြတ်တောက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

“မရမ်းကုန်းမှာတော့လေ ပေါက်ကွဲသံထွက်ပေါ်ပြီးတဲ့နောက် မီးပါ ပြတ်သွားတယ်။ ဗုံးပေါက်သံ ၂ ချက်ကြားရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာ ၃ ရက်နေ့ ည ၉ နာရီ ၃၉ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာ စက်ရုံကို Yangon UG Association(YUA)အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)အဖွဲ့က အဝေးထိန်းဗုံး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်း မြောင်းမြခရိုင် အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနရုံးကို စက်တင်ဘာလ ၃ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

EPC ရုံးကို မြောင်းမြ ခရိုင် ပကဖအဖွဲ့နှင့် ဧရာဝတီလင်းပိုင်ပူးပေါင်းအဖွဲ့တို့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဓာတ်ပုံ- ညဘက် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article