29 C
Yangon

ဘင်္ဂလားဒေ့ရ်ှပိုင်နက်သို့ မြန်မာစစ်ရဟတ်ယာဉ်များ ကျူးကျော်ခြင်း၊ လက် နက် ကြီးကျည်များ ကျရောက်ခြင်းကြောင့် မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ၁၅ ရက်အတွင်း ၃ ကြိမ် ဆင့်ခေါ်ကန့်ကွက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ ဝန်ကြီးဌာနကမြန်မာသံအမတ်ကို စက်တင်ဘာ ၄ ရက်နေ့ တနင်္ဂနွေနေ့ တွင် ထပ်မံ ၍ ဆင့်ခေါ်ခံရကာ ရက်သတ္တပါတ် နှစ်ပတ်ကျော်အတွင်း တတိယကြိမ်မြောက် ဆင့်ခေါ်ကန့်ကွက်ကြောင်း ဘင်္ဂလားဒေရ်ှနိုင်ငံ သတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

AAရက္ခိုင်တပ်တော်က သိမ်းပိုက်ထားသည့် မိုင်တိုင် အမှတ် ၄၀ ကို စစ်ကောင် စီ လက်အောက်ခံတပ်များ ပြန်လည် ရယူရန်ကြိုးပမ်းနေချိန်တွင် ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း မော်တာကျည်များ ကျရောက်ပြီး နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများတွင် မြန်မာဘက်မှ လေကြောင်း ပိုင်နက် ချိုးဖောက် ၍ ဘင်္ဂလားဒေ့ရှ်က ခေါ်ယူ သတိပေးကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ပြီးဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောဆိုသည်။

“တနင်္ဂနွေနေ့မှာ မြန်မာက သံအမတ်ကို ထပ်မံဆင့်ခေါ်ပြီး ဒီကိစ္စအပေါ်မှာ ကျွန်တော်တို့ ကန့်ကွက်ခဲ့ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောသည်။

မြန်မာသံအမတ် အောင်ကျော်မိုးကို သြဂုတ် ၂၁ ရက်နှင့် သြဂုတ် ၂၈ ရက်တို့တွင် ဆင့်ခေါ်ခဲ့ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံနယ်စပ်သို့ လက်နက်ကြီးများ ကျရောက်မှုအပေါ် သတိပေးခဲ့ကာ ယခု အကြိမ်ခေါ်ဆိုမှုမှာ ၁၅ ရက်အတွင်း တတိယအကြိမ် ခေါ်ဆိုမှုဖြစ်သည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် လေးစင်းထက်မနည်းသည် စက်တင်ဘာ ၃ ရက်နေ့ စနေနေ့ နံနက်က ဘန်ဒါဘောရှိ Naikhongchhari upazila ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် လေပိုင်နက်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကျူးကျော်ခဲ့ကြသည်။

မြန်မာသံအမတ် ဦးအောင်ကျော်မိုးသည် ၂၀၁၉ ခုနှစ်တွင် ဘင်္ဂလားဒေရ်ှနိုင်ငံတွင် သံအမတ်အဖြစ်တာဝန်ယူပြီး ၊ ပြည်ပရောက် CDM မပြုလုပ်ထားသည့် သံတမန်များအနက်မှ တစ်ဦးဖြစ်သည်။

ဓါတ်ပုံ- သံအမတ် ဦးအောင်ကျော်မိုးက ဘင်္ဂလားဒေရ်ှနိုင်ငံ မြန်မာသံမတ်အဖြစ် ခန့်အပ်လွှာပေးအပ်စဉ်။ ၂၀၁၉၊ ဒီဇင်ဘာ ၂၃ ရက်နေ့ကရိုက်ကူးထားသည့် ပုံဖြစ်သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article