29 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၅ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ညအချိန် ဝင်ရောက်စီး နင်းမှုတွေ လုပ်ဆောင်နေပြီး ကျေးရွာ ၉ ရွာက ပြည်သူ ၃ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေး နေရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ဆီကသိရပါတယ်။ – ကန့်ဘလူ ကာဘိုးရွာထိပ် စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်သား ၄ဦးသေသွားပြီး ၆ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ – ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ မနေ့ကတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က တပ်သား ၁ ဦး သေဆုံးကာ လက်နက်နဲ့ကျည်တွေ သိမ်းဆည်းရမိတယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။ – မြောက်ဦးမြို့မှာ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့တိုက်ခိုက်တာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ် တယ်လို့ ရက္ခိုင့်တပ်တော် AAစစ်ဦးစီးချုပ် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူရဲ့ တွစ်တာလူမှုကွန်ရက်မှာ မှတ်ချက်ပြု ရေးသားထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

Phyo Wai

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article