32 C
Yangon

သံဖြူဇရပ်မြို့နယ်၊ အမှတ် ၄ တန်းမြှင့်လေးကျင့်ရေးကျောင်းမှ ပြန်လာသည့် ဒုအရာခံဗိုလ်အပါအဝင် တပ်သား ၈ ဦးကို KNLA ပူးပေါင်းအဖွဲ့ ဖမ်းမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအခြေစိုက် တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ ပြန်လာသည့် ဒုအရာခံဗိုလ်အပါအဝင် စစ်သား ၈ ဦးကို KNLA နှင့် တောင်ညိုစစ်ကြောင်း ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၄ ရက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ရေးမြို့၊ အာယုတောင်ကျေးရွာအခြေစိုက် ခမရ ၃၄၃ မှ ဒုအရာခံဗိုလ် လှတင်အပါအဝင် ၄ ဦးနှင့် ရေးမြို့အခြေစိုက် ခလရ ၆၁ မှ တပ်သား ၄ ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ အိမ်စီးကားဖြင့် ရေးမြို့ဘက်သို့ ထွက်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်သား ၈ ဦးမှာ ဝဲကလိကျေးရွာရှိ အမှတ် ၄ တတက တွင် အရာခံ/အကြပ်ကြီး သင်တန်း တက်ရောက်ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။

တပ်သား ၈ ဦးနှင့်အတူ အသုံးအဆောင်များထည့်လာသည့် ၎င်းတို့ ကိုယ်ပိုင်နံပါတ်များ ရေးသားထားသည့် သေတ္တာများကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ပြီး လက်နက်များ ပါခြင်း၊ မပါခြင်းကို ကနဦး မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article