25 C
Yangon

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး လူဦးရေ ၁ ထောင်ကျော်ပါဝင်သည့် ယောဒေသ လူထုသပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

မကွေးတိုင်း ဆောမြို့နယ်တွင် လူဦးရေ ၁ ထောင်ကျော်ပါဝင်သည့် ယောဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချီတက် ဆန္ဒပြပွဲ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့ မှ ရုပ်/သံမှ တဆင့် ယောလူထုကို မိန့်ခွန်း ပြောကြား ခဲ့ကြောင်းသိရသည်။

“ဒီနေ့ပြုလုပ်ရတဲ့ သပိတ်တိုက်ပွဲကတော့ ကျွန်တော်တို့ရဲ့ ကုလသမဂ္ဂ အထူးသံအမတ်ကြီး ဦးကျော်မိုးထွန်း လက်သုံးချောင်းထောင်ပြီး ပြည်သူနဲ့အတူ ကမ္ဘာသိအောင် နွေဦးတော်လှန်ရေးနဲ့အတူ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာဆက်ပြီး ရရှိရေးအတွက် ပြည်သူ့အသံနဲ့ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် အရေးကြီးပါတယ်။”ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ကုလသမဂ္ဂသည် ပြည်သူလူထုအတွက် ထူးထူးခြားခြား ထောက်ပံ့မှုများ မရှိသေးသော်လည်း ပြည်သူနှင့်အတူ၊ နွေဦးတော်လှန်ရေးနှင့် အတူ ရပ်တည်ပေးနေကြောင်းနှင့် ပြည်သူနှင့်အတူ မရပ်တည်ဘဲ စစ်ကောင်စီက လွှတ်လိုက်သည့် ကိုယ်စားလှယ်ကို လက်ခံပြီး စစ်ကောင်စီနှင့်အတူ ရပ်တည်လိုက်ပါက တော်လှန်ရေးတွင် အခက်အခဲ ဖြစ်စေနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်သူများကို ကိုယ်စားပြုပြီး ပြည်သူ့အသံကို ကမ္ဘာကို ဖော်ထုတ်နိုင်ရန်အတွက် ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပေးနိုင်ရန် အရေးကြီးကြောင်း ၎င်းက ပြောသည်။

“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကြီးကို လက်ခံပါ။ အာဏာရှင်လူသတ်သမားကို ငြင်းပယ်ပါလို့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ Accept NUG and Our Ambassador, Reject dictator၊ အရေးတော်ပုံအောင်ရမည် ” ဟု ဒေါက်တာဇော်ဝေစိုးက လူထုနှင့်အတူ ကြွေးကြော်ခဲ့ကြသည်။

ထို့နောက် ဒေသခံပြည်သူလူထုများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြပြီး အဆိုပါ ဆန္ဒခံယူပွဲကို The Youth Force ( Saw-Kyaukhtu) က ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆောမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များမှလည်း အင်းအားဖြည့် ပူးပေါင်း ကူညီပေးခဲ့ကြသည်။ အခမ်းအနားကို တက်ရောက်သည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်သော ချင်း၊ ဗမာ ၊ တောင်သား စသည့် တိုင်းရင်းသားများနှင့် ကျောင်းသား ကျောင်းသူများ၊ဆရာ ဆရာမများ၊ပြည်သူ အင်အား (၁၀၀၀) ကျော်အတွက် လုံခြုံဘေးကင်းစေရန် တာဝန်ယူပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article