ရန်ကုန်၊ စက်တင်ဘာ ၅
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အတွင်း စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း နဂါးစစ်သည် “Tanintharyi” အဖွဲ့ထံမှ သိရသည်။
ဘုတ်ပြင်း ပြည်ကြီးမဏ္ဍိုင် ဝါးဒင်း ဝါးချောင်း တိုက်ပွဲတွင် စက်တင်ဘာလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး ဆိုင်ကယ် ၂ စီးဖြင့် လာရောက်စဥ် Flying Star (PDF)တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်သား နိုင်ထွန်း သေဆုံးပြီး အရာခံဗိုလ် တစ်ဦးနှင့် အခြားအဆင့်ရှိသူ တစ်ဦး တို့မှာ ထိရှဒဏ်ရာ၊ တပ်ကြပ်ကြီး သက်နောင်မှာ ထိမှန် ဒဏ်ရာ ၁၁ ချက်ဖြင့် အဆုတ်ထိမှန်ကာ ဘုတ်ပြင်း ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရပြီး သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အလားတူ ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင် ဝါးဒင်း R Zero ဇုန် တွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် ခန့်တွင် စစ်တပ်ဘက်မှ ထွက်ပြေးလာသည့် စစ်သား ၃ ဦးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ လိုက်လံဖမ်းဆီးစဥ် မဟာမိတ် တပ်ပေါင်းစုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
Photo – အကြမ်းဖက် စစ်တပ်ထံမှ သိမ်းဆည်းရမိသော ကပစ ထုတ် MA သေနတ်