ရန်ကုန်၊ စက်တင်ဘာ ၆
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထူထောင်မည့် ဗဟိုဘဏ်သစ်နှင့် အသုံး ပြုမည့် ဒီဂျစ်တယ်ငွေကြေးစနစ်အတွက် အမေရိကန်အစိုးရက ထိန်း သိမ်းထားသည့် ဒေါ်လာ ၁ ဘီလီယံကို အသုံးပြုခွင့်ပေးရန် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုကြောင်း Bloomberg သတင်းဌာနက သတင်းဖော်ပြသည်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အမေရိကန်အစိုးရက အမေရိကန်ဘဏ်ရှိ မြန်မာအစိုး ရ၏ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ထုတ်ခွင့်မပြုဘဲ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့အနေနဲ့ အမေရိကန်က ထိန်းသိမ်းထားတဲ့ ဒေါ်လာ ၁ ဘီလီယံကို အာမခံချက်တစ်ခုအနေနဲ့ အသုံးပြုခွင့်ပေးဖို့ အမေရိကန်ရဲ့ ကူညီမှုလိုအပ်ပါတယ်။ ကျနော်တို့ ထူထောင်မယ့် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေကြေးအဖြစ် ဒေါ်လာ တစ်ဘီလီယံကို အသုံးပြု မှာဖြစ်ပါတယ်။ ထိန်းသိမ်းထားတဲ့ ငွေတွေကို တကယ်ထုတ်ပေးစရာမလိုဘဲ ဒီငွေကြေးတွေကို အာမခံချက်အနေနဲ့ အသုံး ပြုဖို့ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးတင်ထွန်းနိုင်က ဆိုသည်။
ဗဟိုဘဏ်နှင့်ဒီဂျစ်တယ်ငွေကြေးစနစ် ထူထောင်ခြင်းဖြင့် တော်လှန်ရေးလှုပ် ရှားမှုများကို ထောက်ပံ့ ပံ့ပိုးကူညီရန် ရည်ရွယ်ကြောင်း ဝန်ကြီးဦးတင်ထွန်းနိုင် ၏ ပြောဆိုချက်အရ သိရှိရသည်။
Ref: Bloomberg