32 C
Yangon

ကန့်ဘလူ၊ ပေါင်းတည်၊ နွားထိုးကြီးနှင့်ပုလဲမြို့နယ်တို့တွင် စစ်တပ်နှင့်ပျူးစောထီးများကို PDF များက တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ကန့်ဘလူ၊ ပေါင်းတည်၊ နွားထိုးကြီးနှင့်ပုလဲမြို့နယ်တို့တွင် စစ်တပ်နှင့်ပျူးစောထီးများကို PDF များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ကန့်ဘလူတွင် ပျူစောထီး ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ် လယ်လှကျေးရွာရှိ ပျူစောထီးအထိုင်စခန်းကို ကန့်ဘလူဒေသရှိ LDF – ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များပူးပေါင်း၍ Drone များ၊ ၆၀ မမ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၇ ဦး သေဆုံးသွားကြောင်း၊ ၁ ဦးမှာ မျက်လုံးကျွတ်ထွက်သွားကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကန့်ဘလူ သတင်းရင်း မြစ် infinity Group ထံမှ သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စက်တင်ဘာ ၃ ရက်နေ့ နှင့် စက်တင်ဘာ ၅ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကန့်ဘလူဒေသရှိ LDF – ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော Kanbalu Underground Warriors ၊ MPF U – 18 ၊ ကန့်ဘလူ စွန်ရဲ ၊ လင်းယုန်နီ ကန့်ဘလူ အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်ခဲ့သည့် ထန်းကုန်းတိုက်နယ် လယ်လှရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်အထိုင်ချထားကာ ပျူစောထီးသင်တန်းပေးနေသည့်ကျေးရွာဖြစ်ကြောင်း၊ ပျူစောထီးများမှ ကျေးရွာအတွင်း နေအိမ်တစ်အိမ်လျှင် ငွေကျပ် ၂ သောင်း ဆက်ကြေးကောက်ခံနေကာ မပေးဆောင်သည့်အိမ်ကို သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း၊ တက် ကြွလှုပ်ရှားသူများ၏ နေအိမ်များကိုလည်း ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများကို ယူဆောင်မှုများလည်း ရှိကြောင်း ဖော်ပြထားသည်။

ပေါင်းတည်တွင် မိုင်းဆွဲခံရမှုကြောင့် စစ်သား ၅ ဦးသေဆုံး

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်ရှင်းလင်းဆောင်တွင် စခန်းချနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သည် ဆည်ဆိပ်စစ်ဆေးရေးဂိတ်တွင် လူအပြောင်းအလဲ ပြု လုပ်စဉ် ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ P-PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ(၂) တပ်ခွဲမှုး ဦးဆောင်သော Tiger စစ်ကြောင်းက မိုင်းကြီး(၂) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရရှိကြောင်း ပေါင်းတည် PDF က သတင်းထုတ်ပြန်သည်။

ပုလဲတွင် စစ်သား ၄ ဦးသေဆုံး

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခွဲခန့်အချိန် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ၊ညောင်ကုန်းကျေးရွာမြောက်ဘက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က မိုင်း ၄ လုံး ဆွဲ ၍ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်းအဆိုပါ အဖွဲ့က တရားဝင် သတင်းထုတ်ပြန်ထားသည်။

နွားထိုးကြီးတွင် စစ်သား ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် စက်တင် ဘာလ ၄ ရက် နေ့ ညနေ ၆ နာရီဝန်း ကျင်ခန့် ဝက်လူးကျေးရွာတွင် တပ်စွဲ၍ ပြည်သူများအပေါ် မတရားခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ငွေကောက်ခံခြင်း၊ လမ်းသွားလမ်းလာပြည်သူများအား နှိပ်စက်ရိုက်နှက်ခြင်းများ ပြုလုပ်နေသော စစ်တပ်ကို တောကျီးကန်းစစ် ဆင်ရေးအဖြစ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရရှိသူများအများအပြားရှိကြောင်းနွားထိုးကြီး PDF က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ-PDF တပ်ဖွဲ့ဝင်တချို့ စစ်သင်တန်းအတွင်း ပစ်ခတ်မှု လေ့ကျင့်ရေး လုပ်နေကြစဉ်။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article