26 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ချေမှုန်းရေး D-Day ကြေညာအပြီး ၁ နှစ်အကြာ ၊ မြို့နယ် ၂၅၀ မှာ တပ်ရင်း ၃၀၀ ကျော် ၊ တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး မြို့နယ် ၂၄ ခုကိုလည်း လုံး၀စိုးမိုးထားနိုင်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ – ဒူဝါလရှီးလကနေ တိုင်းပြည်ကို မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ – ကရင်ပြည်နယ် ၊ မူတြော်-ခရိုင်အတွင်း ၊ စက်တင်ဘာလ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ် အပါအဝင် BGF ပူးပေါင်းအဖွဲ့ နဲ့ ကော်သူးလေ – တပ်မဟာ ၅ တို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပြီး ၊ စစ်ကောင်စီတပ် နဲ့ BGF ဘက်က ၁၃ ဦး သေသွားတယ်လို့ KNU-မူတြော်သတင်း စဥ်ကနေ သိရပါတယ်။ – ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ၊ လှည်းလမ်းကူး- ကျေးရွာအုပ်စု ၊ မရမ်းအင်းရွာက စစ်တပ်သတင်းပေး ဒလန်လို့ သတ်မှတ်ခံရသူ အောင်ချစ်မင်း နဲ့ နွားသမားတွေဆီကနေ နယ်ကျော်ဖြတ်သန်းခ မိုက်ကြေးခွဲ ကောက် ခံပြီး ၊ စစ်ကောင်စီကို ထောက်ပို့လုပ်နေသူ ဒလန် အောင်ဖဲ တို့ကို “ပဲခူး တိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်” ပစ်ခတ်ရှင်းလင်းခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေ ကိုတင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article