ရန်ကုန်၊ စက်တင်ဘာ ၇
မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ထားသူ တရားခံ မင်းအောင်လှိုင်နှင့် စစ်ခေါင်း ဆောင်များကို အင်ဒိုနီးရှားနိုင်ငံရှိ တရား ရုံး တွင် တရားစွဲဆိုနိုင်ရေး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ခုံရုံး၏ ခွင့်ပြုချက်ကို တရားဝင် တင်ပြ တောင်းခံလိုက်ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၇ ရက်နေ့ အင်ဒိုနီးရှားစံတော်ချိန် နံနက် ၁၀ နာရီခွဲ အချိန် အင်ဒိုနီးရှားနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးတွင် မြန်မာနိုင်ငံမှ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို တရားစွဲဆိုနိုင်ရေး ခွင့်ပြု ချက် ပေးရန် ရှေ့နေချုပ်ဟောင်း Marzuki Darusman က ဦးဆောင်၍ တင် ပြ လျှောက်လွှာ တင်သွင်း တောင်းခံလိုက်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် လူသားမျိုးနွယ်အ ပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများဖြင့် နိုင်ငံတကာ တရား ရုံး ICJ ၊ ICC နှင့် အာဂျင်တီးနား တရားရုံးတို့တွင် အမှု ရင်ဆိုင်နေရချိန် အင်ဒိုနီးရှားနိုင်ငံတွင်လည်း တရားစွဲခွင့်ရရှိရေး ကြိုးပမ်းမှု စတင်လာခြင်းဖြစ်သည်။
အာဆီယံနိုင်ငံတစ်ခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ စစ်ရာဇဝတ် ကောင်များကို တရားစွဲဆိုရန် ကြိုးပမ်းမှုသည် မကြုံစဖူးဖြစ်ပြီး ပထမဆုံးသော စံပြ နိုင်ငံတကာတရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တစ်ခုအဖြစ် သို့ ဦးတည်သွား နိုင်ကြောင်း သိရှိရသည်။
ရှေ့နေချုပ်ဟောင်း Marzuki Darusman က “ အင်ဒိုနီးရှားနိုင်ငံသားတွေပဲဖြစ် ဖြစ်၊ နိုင်ငံသား မဟုတ်တဲ့သူတွေပဲဖြစ်ဖြစ် လူသားတိုင်းက ဥပဒေရဲ့ရှေ့မှောက်မှာ တန်းတူညီမျှဆက်ဆံခွင့်ရရှိမယ်ဆိုတာကို အင်ဒိုနီးရှားနိုင်ငံရဲ့ အခြေခံဥပဒေ မှာ အတိအလင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားဖြစ်ပါတယ်။ ဒါက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကို လည်း ကာကွယ်တာဖြစ်ပါတယ်။ လူ့အခွင့် အရေးတရားရုံးက ဒါကို အသိအမှတ်ပြုပြီး အင်ဒိုနီးရှားမှာ မြန်မာစစ် တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားရင်ဆိုင်ဖို့ လမ်းခင်းပေးဖို့လိုပါတယ်” ဟု ပြောဆိုသည်။
အင်ဒိုနီးရှား အခြေခံဥပဒေခုံရုံးထံမှ ခွင့်ပြုချက် တောင်းခံ တင်ပြထားမှုသည် ရှင်း လင်းပြီး အရေးတကြီးဖြစ်ကြောင်း၊ ဇူလိုင်လအကုန်တွင် အ ကြမ်း ဖက်စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး သတ် ဖြတ်လိုက်ပြီး ထပ်မံ၍ လည်း သတ်ဖြတ်ရန် လုပ်ဆောင်နေကြောင်း ၊ ပြည်သူ ၂၀၀၀ ကျော် သတ် ဖြတ်ခံထားရပြီး လူပေါင်း ၁၅၀၀၀ ဖမ်း ဆီးခံထားရကြောင်း၊ လူပေါင်း ၁ ဒသမ ၂ ထွက်ပြေးနေရပြီး ၁၄ သန်းမှာ လူသားချင်းဆိုင် ရာ အထောက်အကူများ လို အပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အခြေအနေများနှင့် စစ်တပ်၏ ကျူးလွန်မှုများသည် အင်ဒိုနီးရှားနိုင်ငံ၏ ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့် ကျင် နေကြောင်း၊ သတင်းသမားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ရှေ့နေများ၊ လူမှုကယ်ဆယ်ရေး ပရဟိတသမားများကို ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ သက်သေ အ ထောက် အထားများ ရရှိထားကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်များလည်း အထက်ပါ အခြေအနေများ ရင် ဆိုင်နေရကြောင်း ၊ ရိုဟင်ဂျာများနှင့်ပတ်သက်၍ ICJ နှင့် ICC တရားရုံးတို့တွင် တရားစွဲဆိုမှုများရှိနေကြောင်း ၊ စစ်ကောင်စီအနေဖြင့် တာဝန်ခံမှု မရှိလျှင် နောက် ထပ် စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ဆက်လက် ကျူး လွန်လိမ့်မည်ဖြစ်ကြောင်း တရားစွဲရန် ကြိုးပမ်းနေသည့် အင်ဒိုနီးရှားမှ တက် ကြွလှုပ်ရှားသူများက ပြောဆိုထားသည်။
မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့် စစ်ကောင်စီက ထိန်းချုပ်ထားသော မြန်မာ့တရားစီရင်ရေးစနစ်မှ တရားမျှတမှု မရနိုင်ကြောင်း၊ ICJ နှင့် ICC တွင် စွဲဆိုထား သော အမှုများမှာလည်း လွန်စွာ နှောင့်နှေးကြန့်ကြာနေကြောင်း၊ ထို့ ကြောင့် အာဆီယံနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုချက်ချင်း အရေး ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံဥပဒေသည် လူသားတိုင်းကို အကာကွယ်အပေးပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကိုလည်း အာမခံ အပြည့်အ၀ အကာ အကွယ် ပေးထားကြောင်း၊ မည်သည့်နိုင်ငံသားမဆို ၁၉၄၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ အခြေခံဥပဒေအရ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရမည်ဖြစ်ပြီး အကာ အကွယ်လည်းပေးထားကြောင်း၊ ထိုပြဋ္ဌာန်းချက်ကို သက်သေပြရမည်ဖြစ် ကြောင်း ၊ သို့ရာတွင် ဥပဒေပိုင်းဆိုင်ရာ စိန်ခေါ်မှုတချို့ရှိနေကြောင်း သိရှိရသည်။
ဥပဒေပိုင်းဆိုင်ရာ စိန်ခေါ်မှုအနေဖြင့် အင်ဒိုနီးရှားအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တချို့ရှိနေပြီး ယင်း ပြဋ္ဌာန်းချက်ကို အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြင်ဆင်ဖယ် ရှားရန်လည်း တောင်းဆိုကြောင်း၊ု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို အာ မခံသော အင်ဒိုနီးရှားအခြေခံဥပဒေကို ပြဋ္ဌာန်းချက်တချို့က ဆန့်ကျင်နေကြောင်း တရားစွဲရေး လှုပ်ရှားသူများက ဝေဖန်ထောက်ပြထားသည်။
အင်ဒိုနီးရှား အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကာကွယ်နိုင်ရေး မလိုအပ်သော အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် စကား လုံးတချို့ ပယ်ဖျက်ပြီး ၁၉၄၅ ခုနှစ် အင်ဒိုနီးရှား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အ ညီ ၅၅ သန်းသော မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ရန် တင်ပြတောင်းဆိုထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခုနှစ် ICJ တရားရုံးရှေ့တွင် မင်းအောင်လှိုင် မျက်နှာကို ခြေဖြင့် နင်း၍ ဆန္ဒပြနေကြစဉ်။
Photo -AP။