24 C
Yangon

ရန်ကုန်မြို့ ဝန်ကြီးများရုံးခြံစည်းရိုးတွင် ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိရေး စာတန်းချိတ်ဆွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

ရန်ကုန်မြို ဝန်ကြီးများရုံးရှေ့တွင် ရေဘဝဲ အဖွဲ့က “စက်တင်ဘာ သံတမန်တိုက်ပွဲကာလ လူထုအားလုံးပါဝင်ကြ” စာတန်းကို ချိတ်ဆွဲ၍ ကုလသမဂ္ဂဆိုင်ရာ တရားဝင်သံအမတ်အဖြစ် ဆက်လက်ထားရှိရေး သံတမန်တိုက်ပွဲတွင် ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ လူထုတစ်ရပ်လုံးရပ်တည်ကြရန် နှင့် Credential Camping တွင်ပါဝင်ကြရန် အသိပေးလှုံ့ဆော်သော လှုပ် ရှားမှုတစ်ရပ်ကို ယနေ့ ပြုလုပ်ကြသည်။

“နွေဦးတော်လှန်ရေးနိဒါန်းအစမှာထဲက အာဆီယံနဲ့ ကမ္ဘာ့ကုလသမဂ္ဂထံ ကျွန်တော်တိုတွေရဲ့ဆန္ဒကိုတောင်းဆိုခဲ့ပြီးသားဖြစ်ပါတယ်။အခုတစ်ခေါက်မှာလည်း အမြဲလိုလိုပူပန်နေတတ်တဲ့ ယူအန်လ်ကို လူအမှန်ရွေးချယ်တတ်စေဖိုအတွက် မိဘပြည်သူများအနေနဲ့ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်နေတယ်ဆိုတာ သူတိုသိအောင်ပြသရပါမယ်။ကမ္ဘာ့ကုလသမဂ္ဂရဲ့ရွေးချယ်မှုဟာ ဒုတိယဖြစ်ပြီး ပထမဦးစားပေးဟာ မိဘပြည်သူတွေရဲ့သံအမတ်ကြီးနဲ့အတူရပ်တည်မှုပဲဖြစ်ပါတယ်။ ရပ်တည်မှုနဲ့အတူ Credential Camping မှာဘယ်လိုပါဝင်ရမလဲဆိုတော့ Online ကနေ ပုံစံ (၂) မျိုးနဲ့ပါဝင်နိုင်ပါတယ်။နံပါတ် (၁) လက်မှတ်ထိုးကြမယ်။ https://actionnetwork.org/petitions/myanmar-for-u-kyaw-moe-tun ။ နံပါတ် (၂) ဖေ့စ်ဘုတ်ပရိုဖိုင်ပြောင်းကြမယ် https://twb.nz/credentialcampaign ဒီနှစ်ချက်နှင့်အတူ ကျွန်တော်တိုရဲ့ရပ်တည်နေမှုကို ပြသကြပါစို့ခင်ဗျာ “ဟု ရေဘဝဲအဖွဲ့က ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article