30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ထားသူတရားခံ မင်းအောင်လှိုင် နဲ့ စစ်ခေါင်း ဆောင်တွေကို အင်ဒိုနီးရှားနိုင်ငံရှိ တရား ရုံးမှာတရားစွဲဆိုနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ/ဆိုင်ရာ ခုံရုံးရဲ့ ခွင့်ပြုချက်ကို တရားဝင် တင်ပြ တောင်းခံလိုက်တယ်လို့ သိရပါတယ်။ – တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီး – ကားလမ်း တစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၇၃ နဲ့ ဗိုလ်- အယ်ခွီး ဦးဆောင်တဲ့ ဆာကဆောတပ်မဟာPDF ပူးပေါင်း တပ်ဖွဲ့ကြား စက်တင်ဘာလ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ – အာဏာလု စစ်ကောင်စီရဲ့ ဗြိတိန်ရှိ စစ်သံမှူးရုံးကို ပိတ်သိမ်းပြီး စစ်သံမှူး ဗိုလ် မှူး ကြီး စိုးအောင်ကို မောင်းမ ထုတ်မချင်း ထိုင်သပိတ် ဆန္ဒပြမယ်လို့ Stars of Myanmar Friendship Club တာဝန်ရှိသူက ပြောတဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article