ရန်ကုန်၊ စက်တင်ဘာ ၇
ရှမ်းပြည်နယ် မဘိမ်းမြို့နယ်ရှိ မီးဘေး၊ စစ်ဘေးသင့်ကလေးငယ်များ၏ ပညာရေး ထောက်ပံ့ ကူညီနေသည့် S&C အဖွဲ့ ဖွင့်လှစ်ထားသော ကျောင်းများ၌ ပထမ အကြိမ်လပတ် စာမေးပွဲများ ပြုလုပ်ကျင်းပ လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကျောင်းများတွင် မီးဘေး၊ စစ်ဘေးသင့် ကလေးငယ်များအပြင် CDM ကျောင်းသားများလည်း တက်ရောက် ပညာသင်ကြားနေပြီး CDM ဆရာ၊ ဆရာမများလည်း ပညာသင်ကြားပေးလျက်ရှိကာ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လိုလျှင် S&C page သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။