ရန်ကုန်၊ စက်တင်ဘာ ၇
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ ဗကသများအဖွဲ့ချုပ်မှရဲဘော်များနှင့်ပြည်သူလူထုပူးပေါင်းကာ ယနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် `❝Accept NUG and Our Ambassador, Reject Dictator❞
“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ” စာသားများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကာ သပိတ်ကော်မတီဝင်များ ၊ ဗကသများအဖွဲ့ချုပ်မှရဲဘော်တစ်ဦးနှင့်ဒေသခံပြည်သူတစ်ဦးက သပိတ်တရားများဟောပြောခဲ့ကြသည်။