30 C
Yangon

ကရင်ပြည်နယ်တွင်တိုက်ပွဲများဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ ကနီနှင့်ပေါင်မြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၇

ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့ နယ်၊ မြဝတီ – ဝေါ်လေ လမ်းမကို အကြမ်း ဖက် စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ တပ်များက ဆက်လက်ကျူးကျော်ရန် ကြိုးစားလျက်ရှိကြောင်း၊ သုံးထပ်ကွေ့အနီး ကျော်ဝါးဘိုး ဘုရားတွင် ၁၂၀ မမ လက်နက်ကြီးဖြင့် အခြေပြုလျက် မြဝတီ – ဝေါ်လေ ကားလမ်းမ တစ်လျောက် နံနက်ပိုင်းနှင့်ညနေပိုင်းတွင် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မြ၀တီ-ကော့ကရိတ်(အာရှလမ်း) တစ်နေရာတွင် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း ကျားသစ်နက်စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ ဆက်ကြေးကောက်ခံလျက်ရှိသော နေရာတစ်ခုကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ တပ်မ (၂၂) လက်အောက်ခံ ခလရ ၈၁ မှ စစ်ကြောင်းမှူး၊ တပ်သားတစ်ဦး စုစုပေါင်း ၂ ဦး သေဆုံးကြောင်း သိရှိရသည်။

သေဆုံးသွားသော စစ်သား ၂ ဦး၏ သေနတ်ကို သွားကောက်စဉ် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေနတ်တစ်လက်အားကျည်ဆံထိမှန်ခဲ့ကြောင်း၊ စစ်တပ်က အနီးအနားကျေးရွာများသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ လက်နက်ကြီးကျည် သုံးလုံးကျရောက်ပေါက်ကွဲခဲ့၍ ပြည်သူ့နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူတစ်ဦး ထိခိုက်ဒါဏ်ရာနှင့် နွားတစ်ကောင် ထိမှန်သေဆုံးခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အင်အား ၁၀၀ကျော်ဖြင့် ခြေလျင်စစ် ကြောင်းထိုးလာသော စစ်ကောင်စီအဖွဲ့နှင့် ကနီမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ် ဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း ၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းပိုင်းရှိ မင်းကင်းမြို့နယ် တောင် တွင်းဒေသအထက်ပိုင်းသို့ ယမန်နေ့စက်တင်ဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်တပ်ကို (KPDF2)၊ ကနီမြို့နယ်ဆယ်ရွာဒေသခံ (ပကဖ)တပ်ရင်း၊ တိမ်ပျံပျောက်ကျား(တောင်တွင်းဒေသ) ပူးပေါင်းတပ်ဖွဲ့တို့ ပူး​ပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း KPDF 2- က ထုတ်ပြန်သည်။

အလားတူ စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီ အချိန် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ ကော့ကရင်လမ်းဝ တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူ့စစ် ၁ ဦးသေဆုံးပြီး ၂ ဦးထိ ခိုက် သွားကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- မြ၀တီ-ကော့ကရိတ်လမ်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ပစ်ခတ်သော ကျည်ထိမှန်မှုများနှင့် လက်နက်ကြီးကျည်ခွံ့များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article