ရန်ကုန်၊ စက်တင်ဘာ ၈
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ၊ ပဲ့တိုင်ရွာတွင် စက်တင်ဘာလ ၇ ရက် နေ့ ကျရောက်သည့် D-Day ၁ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ် ယောက္ခထီး ကျေးရွာ ဥက္ကဋ္ဌ၊ ပျူစောထီးခေါင်းဆောင်မြဝမ်း စုစုပေါင်း ၂ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
NUG က ကြေညာထားသည့် D Day တစ်နှစ်ပြည့်အဖြစ် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှ နံနက် ၇နာရီလောက်အထိ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း ပျူစောထီးခေါင်းဆောင်နှင့် ဒုခေါင်း ဆောင်တို့သေဆုံးခဲ့ပြီး အခြားပျူစောထီး ၃ ဦးလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း သိရှိရသည်။
“အဲဒီရွာက ပျုစောထီးတွေအခြေစိုက်တဲ့ရွာပေါ့နော်။ ကျနော်တို့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ကသွားရောက်ပစ်ခတ်ခဲ့တာပါ” ဟု တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။
တိုက်ခိုက်မှုကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၂ တပ်ခွဲ၂ ၊တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ ၊တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ပကဖ၊ ဒေသခံကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဒေသခံတစ်ဦးကမူ “ပဲ့တိုင်းကျေးရွာ ဥက္ကဌနဲ့ ပြည်သူ့စစ်ခေါင်ဆောင်း တစ်ဦးပေါင်းနှစ်ဦးPDFအဖွဲကမနက်လေးနာရီကျော်လောက်မှာ ရွာထဲဝင်ပစ်သတ်လိုက်ပြီး စစ်တပ်က ရွာထဲမှာရောက်နေတယ်။ ဥက္ကဌက စစ်ဗိုလ်ယောက္ခထီးပဲ ။
ဥက္ကဌ နာမည်က အိုနီဓီဓူပါ။ မြဝမ်းက ပြည်သူစစ်ခေါင်းဆောင်စစ်သားလူထွက်၊ သူလည်းသေတယ်။ စုစုပေါင်း ၂ ဦးသေတယ်။ အခု ဖုန်းလိုင်းတွေ ဖြတ်ထားတယ်” ဟု ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ သေဆုံးသွားသော စစ်ဗိုလ်ယောက္ခထီး ကျေးရွာအုပ်ချုပ်ရေးမှူး။