ရန်ကုန်၊ စက်တင်ဘာ ၈
ကချင်ပြည်နယ် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်က စိုးကံသာတည်းခိုခန်းနှင့်အရက်ဆိုင်ပိုင်ရှင် ပျူစောထီး ခေါင်းဆောင် မောင်စိုးကို ယနေ့နံနက်လေးနာရီခွဲခန့်က ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း UG black K အဖွဲ့ကပြောသည်။
နံနက်စောစော တည်းခိုခန်းနှင့်အရက်ဆိုင်ဖွင့်ရန်ပြင်ဆင်နေချိန် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ပြီး KA 2.5နှင့် ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကာသေနတ်ခြောက်ချက်ထိမှန်ကာ ပွဲခြင်းပြီးသေဆုံးသွားကြောင်း UG black Kအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
UG black Kအဖွဲ့ဝင်ရောက်လာချိန်မှာ ပျူစောထီးခေါင်းဆောင်မောင်စိုးမှ သေနတ်ပြေးယူသော်လည်း ဦးအောင်ပစ်ခတ်နိုင်ခဲ့ကြောင်း ၎င်း၏သေနတ်ကိုယူဆောင်ရန်ကြိုးစားခဲ့သော်လည်း အချိန်မရ၍ မယူလိုက်ရကြောင်း သိရသည်။
ပျူစောထီခေါင်းဆောင်မောင်စိုးသည် စစ်တပ်ကိုသတင်းပေးခြင်း မြို့ထဲတွင် PDF ဟုထင်ရသည့် လူငယ်များ ကိုမတရားဖမ်းဆီရိုက်နှက်မှုများလုပ်ဆောင်နေခြင်းကြောင့် ပစ်ခတ်ရှင်း လင်းရခြင်း ဖြစ်ကြောင်း UG black Kအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပစ်ခတ်ပြီးပြီးချင်း စစ်ကောင်စီမှ လာရောက်ခြင်းမရှိဘဲ နံနက်မိုးလင်းမှ အလောင်းကို လာရောက် ကြည့်ရှု ကြောင်း ၊မောင်စိုးသည် စစ်ထွက် ပျူစောထီခေါင်းဆောင်ဖြစ်သည့်အပြင် ဈေးကုန်းရပ်ကွက် ၏ ရာအိမ်မှူး တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။