30 C
Yangon

ယင်းမာပင်-ဆားလင်းကြီးတွင် ကုလသံအမတ်ကြီး ဆက်လက်ထားရှိရေးနှင့် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးမှာ ကုလသံအမတ်ကြီး ဆက်လက်ထားရှိရေးနဲ့ စစ်အာဏာရှင် ချေမှုန်းရေးအတွက် ပြည်သူလူထုအင်အားများစွာက ချီတက် သပိတ်မှောက်ကြပါတယ်။

ယင်းမာပင်မြို့နယ် ဒေသတွင်းတစ်နေရာမှာ လူထုအင်အားထောင်နှင့်ချီကာ ပြည်သူပိုင် လမ်းမထက်သို့ချီတက်ကာ အာဏာရှင်စနစ်ပျက်သုဥ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂ စင်မြင့်ထက်မှာ ဆက်လက်ပြီး ပြည်သူလူထုကိုယ်စား နေရာရရှိဖို့ လူထုသပိတ်တိုက်ပွဲ ဆင်နွှဲကာ လူထုဆန္ဒအမှန်များကို ပြသခဲ့ကြပါတယ်။

ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်ဦးဆောင်ကော်မတီနှင့်အတူ၊ဒေသခံလူထုများ၊
မြန်မာအမျိုးသမီး မဟာမိတ်အင်းစု(WAB)က ရဲဘော်ရဲဘက်များ၊သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်ကာ်မတီ၊ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ လူထုသပိတ်ကော်မတီ၊အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်ကော်မတီ၊ယင်းမာပင်မြောက်ခြမ်း ကျေးရွာ(၃)ရွာပေါင်း လူထုသပိတ်ကော်မတီ၊ယင်းမာပင်မြောက်ခြမ်း သပိတ်ကော်မတီ၊ရွှေဥက္ကံလူထုသပိတ်ကော်မတီနှင့်ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်အင်အားစုက ရဲဘော်ရဲဘက်များ လာရောက်ကာ ဝန်းရံချီတက်ခဲ့ကြပါတယ်။

တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာစန်းက အင်တာနက်မှတဆင့် ခက်ခက်ခဲခဲပေးပို့လာသော လူထုများထံ ဂုဏ်ပြုမိန့်ခွန်းကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article