ရန်ကုန်၊ စက်တင်ဘာ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ စစ်မှုထမ်းဟောင်း ဒုဥက္ကဋ္ဌ၊ အငြိမ်းစား ဗိုလ် မှူး ပျူစောထီး ခေါင်းဆောင် လှဝင်းသိန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ဘီးလင်း UG အဖွဲ့ထံမှ သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၈ နာရီအချိန် ဘီးလင်းမြို့နယ် ၊ ကန်သာယာ ( ၇ ) ရပ်ကွက် တွင် နေထိုင်သူ စစ်မှုထမ်းဟောင်း ဒုဥက္ကဌလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ် အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်း ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှီရသည်။
အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချိန်မှစ၍ ပြည်သူများကို ဒုက္ခအပေးဆုံး စစ်ကောင်စီ သတင်းပေးဖြစ်ကာ၊ အပြစ်မဲ့ပြည်သူများအား ပုဒ်မအမျိုးမျိုးတပ်ကာ မတရားဖမ်းဆီးခဲ့သူဖြစ်ကြောင်း ထို့ကြောင့် ယနေ့တွင် ဘီးလင်း UG အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက ဘီးလင်းမြို့အဝင်၊ မြို့အထွက် ပိတ်ဆို့၍ စစ်ဆေးနေမှုများရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။