24.8 C
Yangon

ကုလတွင် သံအမတ်ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီးတွင် ချီတက် သပိတ်မှောက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ကုလသမဂ္ဂတွင် သံအမတ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးနှင့် စစ်အာဏာရှင် ချေမှုန်းရေးအတွက် ပြည်သူလူထုအင်အားများစွာက စက်တင်ဘာလ ၇ ရက် ယမန်နေ့တွင် ချီတက် သပိတ်မှောက်ကြပါတယ်။

ယင်းမာပင်မြို့နယ် ဒေသတွင်းတစ်နေရာမှာ လူထုအင်အားထောင်နှင့်ချီကာ ပြည်သူပိုင် လမ်းမထက်သို့ချီတက်ကာ အာဏာရှင်စနစ်ပျက်သုဥ်းရေေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂ စင်မြင့်ထက်မှာ ဆက်လက်ပြီး ပြည်သူလူထုကိုယ်စား နေရာရရှိဖို့ လူထုသပိတ်တိုက်ပွဲ ဆင်နွှဲကာ လူထုဆန္ဒအမှန်များကို ပြသခဲ့ကသေည်။

ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်ဦးဆောင်ကော်မတီနှင့်အတူ၊ဒေသခံလူထုများ၊ မြန်မာအမျိုးသမီး မဟာမိတ်အင်းစု(WAB)က ရဲဘော်ရဲဘက်များ၊ သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်ကာ်မတီ၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ လူထုသပိတ်ကော်မတီ၊ အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်ကော်မတီ၊ယင်းမာပင်မြောက်ခြမ်း ကျေးရွာ(၃)ရွာပေါင်း လူထုသပိတ်ကော်မတီ၊ယင်းမာပင်မြောက်ခြမ်း သပိတ်ကော်မတီ၊ ရွှေဥက္ကံလူထုသပိတ်ကော်မတီနှင့်ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်အင်အားစုက ရဲဘော်ရဲဘက်များ လာရောက်ကာ ဝန်းရံချီတက်ခဲ့ကြသည်။

တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာစန်းက အင်တာနက်မှတဆင့် ခက်ခက်ခဲခဲပေးပို့လာသော လူထုများထံ ဂုဏ်ပြုမိန့်ခွန်းကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article