ရန်ကုန်၊စက်တင်ဘာ ၈
ရန်ကုန်တွင် စစ်အာဏာရှင် ဖြုတ်ချရေး ” စက်တင် ဘာ အရေးအခင်း သံဃာ့သွေးတွေမခြောက်သေးဘူး ” ကြွေး ကြော်သံဖြင့် ယနေ့ ချီတက် ဆန္ဒပြကြသည်။
Burma Youth Revolutionary Force(BYRF)က ဦးဆောင်ကာအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (BESAY)သုံးခွမြို့နယ်၊ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်း၍ “ဒီမယ်စစ်ကောင်စီမင်းတို့ငါတို့ကို ဘာသာရေးမှိုင်း တိုက်လို့မရတော့ဘူး။ ငါတို့ပြည်သူတွေစည်းလုံးနေကြပြီ “ဟု ဘာသာရေးမှိုင်းတိုက်မှုကိုမခံရေး နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု အဖြစ် ချီတက်သပိတ်မှောက်ကြခြင်းဖြစ်သည်။