23 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေမှာ ငွေကြေးထောက်ပံ့မှုတွေကို တားဆီးဖို့ပျက်ကွက်တယ်ဆိုပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့ငွေကြးဘဏ္ဍာရေး‌စောင့်ကြည့်ရေးအဖွဲ့ရဲ့ အမည်ပျက်စာရင်းမှာ ထည့်သွင်း ခံရနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ နစ်ကီးအေးရှန်းသတင်းဌာနက ဖော်ပြထားပါတယ်။ -မြန်မာနိုင်ငံမှာရှိတဲ့ Ooredoo ဆက်သွယ်ရေးလုပ်ငန်းကို စင်ကာပူ Nine Communication ကုမ္ပဏီ ဆီ ရောင်းချဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီး ရောင်းချမယ့် ဆက်သွယ်ရေး လုပ်ငန်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၇၆ သန်း ရှိတယ်လို့ Ooredoo ကုမ္ပဏီက တရားဝင် သတင်း ထုတ်ပြန် ကြေညာထားပါတယ်။ -စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းအပါအဝင် PDF ဟန်ဆောင်ပြီး ကင်းလှည့်နေတဲ့ အရာရှိ နဲ့ တပ်သားတို့ ပစ်ခတ် တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦးအပါ အဝင် တပ်သား ၄ ဦး သေသွားတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ – ရခိုင်ပြည် ၊ စစ်တွေမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ က ဆိုင်ကယ် စီးလာတဲ့ ရိုဟင်ဂျာ လူငယ် (ဇမီရ်- ဟူစိန်) ဆိုသူကို ပစ်သတ်ရာမှာ အဓိက တာဝန်ရှိပြီး ခိုင်းစေခဲ့တဲ့ စစ်ကောင်စီဘက်က ဒုရဲမှူး မျိုးဦးဟာ ငွေကျပ် သိန်း ၅၀ လာဘ် ထိုးပြီး ၊ တွံတေးမြို့နယ် ရဲမှူးအဖြစ် ရာထူးတိုးပြောင်းရွှေ့သွားတဲ့ သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article