25 C
Yangon

KNU နယ်မြေတွင် ဩဂုတ်လ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၃၃ ဦးသေဆုံး၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ် ဩဂုတ်လတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၃၃ ဦးသေဆုံးပြီး ၂၆၁ ဦး ဒဏ်ရာရကြောင်း KNU က တရားဝင်သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGF တပ်ဖွဲ့များနှင့် KNLA၊ KNDO ကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပြောက်ကျားတိုက်ပွဲများအပါအဝင် တိုက်ပွဲပေါင်း ၂၆၂ ကြိမ် ဖြစ်ပွားခဲ့ပြီး KNLA နှင့် KNDO ဘက်မှ ၄ ဦးကျဆုံးကာ ၁၈ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

စစ်တပ်နှင့် BGF တပ်ဖွဲ့များသည် အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၃၇၃ လုံး ပစ်ခတ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၆ လုံး ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ပြည်သူ ၉၇ ဦးကို အဓမ္မဖမ်းဆီးပြီး ခြိမ်းခြောက်စစ်ဆေးခြင်း၊ ပေါ်တာအဖြစ် အသုံးပြုခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး၏ ဩဂုတ်လ အနှစ်ချုပ်စာရင်းတွင် ဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article