ရန်ကုန်၊
ရခိုင်ပြည်၊ စစ်တွေမြို့ ဆေးရုံကြီး မီးပွိုင့်အနီးတွင်ယနေ့ညပိုင်း အမှတ် ၁ ရဲစ ခန်းမှ နယ်ထိန်း ဒုရဲအုပ်သိပ္ပံ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရှိရသည်။
ယနေ့ စက်တင်ဘာ ၈ ရက် ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“သူ့မိန်းမနဲ့ သမီးလေးဆိုင်ကယ်နောက်မှာပါတယ်။ သူတို့တော့ဘာမှမဖြစ်ဘူး။ သူ့ကိုပဲ ပစ်မှတ်ထားပြီး ပစ်သွားတာ။ နားထင်မှာ သေနတ်ဒဏ်ရာက ၂ ချက် ရှိနေတယ်” ဟုပြောသည်။
နယ်ထိန်းခေါင်းဆောင် ပစ်ခတ်ခံရပြီးနောက် ဆေးရုံသို့ အလောင်းသယ်ယူခဲ့ပြီး လက်ရှိရင်ခွဲရုံသို့ပို့ဆောင်ထားပြီဖြစ်ကြောင်းသိရသည်။
(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)