36 C
Yangon

Breaking News – ဗြိတိသျှ ဘုရင်မကြီး Elizabeth II ကွယ်လွန်ပြီ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

ဗြိတိန်ပြည်ထောင်စုကို ဆယ်စုနှစ် ၇ ခုကြာ အုပ်စိုးခဲ့သည့် အသက် ၉၆ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီး Elizabeth II သည် ကွယ်လွန်သွားပြီဖြစ်ကြောင်း Buckingham နန်းတော်က ကြေညာလိုက်ပြီဖြစ်သည်။

ဖခင်ဖြစ်သူ ဘုရင် ဂျော့ခ်ျ VI ကွယ်လွန်ပြီးနောက် ၁၉၅၂ ခုနှစ်တွင် Elizabeth II ထီးနန်း ဆက်ခံနန်းတက်ခဲ့ခြင်းဖြစ်သည်။

ဘုရင်မကြီးသည် ကမ္ဘာလုံးဆိုင်ရာ အရေးအခင်းများ ၊အုံကြွမှုများ နှင့် ပြည် တွင်းအရှုပ်တော်ပုံများကို ကြံ့ကြံ့ခံကာ ဗြိတိန် ဘုရင်စနစ်ကို ခေတ်မီအောင် လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။

စကော့တလန်ရှိ Balmoral ရဲတိုက်တွင် သူ၏ကျန်းမာရေးအတွက် စိုးရိမ်နေရသည်ဟု ဆရာဝန်များက ထုတ်ဖော်ပြောဆိုပြီးနောက် သေဆုံးသွားပြီ ဆိုသော ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article