32 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ သားနှစ်ဦးကို လက်နက်ချ အလင်းဝင်ဖို့ ခေါ်လို့မရတဲ့အတွက် ဖခင်ဖြစ်သူက သား၂ ဦးရဲ့ လက်နက် ၃ လက်နဲ့ ကျည်ဆံ တွေကို ယူဆောင်ပြီး ၊ KNU တပ်မဟာ ၅ ဆီကို အပ်နှံလိုက်တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ – မန္တလေး-မုံရွာ လမ်းခရီးမှာ စစ်တပ်ပိုင် ရွှေမန်းသူ နဲ့ ရှမ်းမလေး ခရီးသည်တင် ယာဉ်လိုင်းတွေကို ပြည်သူ တွေ လိုက်ပါ စီးနင်းခြင်း မပြုကြဖို့ ၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် ကနေ မေတ္တာရပ်ခံ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ – စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝ- ကျေးရွာ နဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်း- ကျေးရွာကြားမှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ မြို့လှ K PDF ကြား ၊ စက်တင်ဘာလ ၈ ရက်နေ့ က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ – ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ တန်ဖိုးဟာ တစ်ဒေါ်လာကို ငွေကျပ် ၃၅၀၀ ဝန်းကျင်မှာ အခြေခံ စျေးကွက်ရဲ့ သတ်မှတ်စျေးအဖြစ် တည်ငြိမ်နေပြီး ၊ ပြန်လည်ကျဆင်းဖို့ မလွယ်ကူတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article