33 C
Yangon

မြန်မာအမျိုးသမီးတစ်ဦး ပတ်စပို့အတုကိုင်ဆောင်သည်ဟုဆိုပြီး ထိုင်းလေဆိပ်တွင်အဖမ်းခံရ

Must read

ရန်ကုန်၊စက်တင်ဘာ ၉

ရန်ကုန် မှ ဘန်ကောက်ကို ဩဂုတ်လ ၃၁ ရက်နေ့ကထွက်ခွာလာသည့် အမျိုးသမီး ၆ဦးပါအဖွဲ့တွင် အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦး၏ ပတ်စပို့စာအုပ်ကို အတုဟုဆိုပြီးထိုင်းလေဆိပ်ရဲက ဖမ်းဆီးလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

အဆိုပါအမျိုးသမီး၏ နိုင်ငံကူးလက်မှတ်သည် လေဆိပ်တွင် စကင်ဖတ်၍မရဟုဆိုပြီး ထိုင်းလေဆိပ် လဝက ကဖမ်းဆီးကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ရန်ကုန်လေဆိပ်မှ တရားဝင်ထွက်ခွာလာခြင်းဖြစ်ပြီးနိုင်ငံကူးလက်မှတ်ကိုလည်း တရားဝင်ကိုယ်တိုင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသူကပြောသည်။

နိုင်ငံကူးလက်မှတ် စကင်ဖတ်မရပါကလည်း ထိုင်းလဝက အနေဖြင့် မြန်မာသံရုံးတာဝန်ရှိသူများထံတွင် မေးမြန်းသင့် ကြောင်း၊ယခုကဲ့သို့ထောင်ထဲတန်းပို့ဆောင်ခြင်းသည်တာဝန်မဲ့ရာရောက်သည်ဟုဆိုသည်။

ရန်ကုန်လေဆိပ်က သေချာစစ်ဆေးပြီးစေလွှတ်လိုက်တာဖြစ်သည့်အတွက် ရန်ကုန်လေဆိပ်မှ တာဝန်ကျအဖွဲ့များ အနေဖြင့်လည်းတာဝန်ရှိကြောင်း ၎င်းကပြောသည်။

လတ်တလော ဆမူပကန်ထောင်တွင်ရောက်ရှိနေပြီး ကွာရန်တင်း ၂၁ရက် ဝင်နေသည့်အတွက် တွေ့ဆုံခွင့်မရသေးဘဲ ကွာရန်တင်းပြီးမှ အမှုကိစ္စဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက် ၂၀ ရွယ်ရှိအမျိုးသမီးမှာ မင်းတပ်မြို့မှ ချင်းအမျိုးသမီးဖြစ်ပြီး တိုက်ပွဲမျာကြောင့် မင်းတပ်မြို့ မီးလောင်မှုတွင် မိဘနှစ်ပါးသေဆုံးထားရသူလည်းဖြစ်သည်။ယင်းနောက် ရန်ကုန်သို့တက်လာပြီး အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုတွင် အလုပ်သွားလုပ်ရန် ရန်ကုန်မှ ဘန်ကောက်မြို့သို့ထွက်ခွာလာစဉ် ယင်းကဲ့သို့ ဖမ်းခံရခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article